Monday, 30 July 2012

ငြိမ်းချမ်းရေးရိပ်မြုံ(၂)

   ငြိမ်းချမ်းရေးရိပ်မြုံ
                             (၂)
                                         ဤခရီးနီးသလား

ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် အနှစ်(၃၀၀)ရာပတ်ဝန်းကျင်တွင် မရှိ

မချင့် ပြုန်းတီးလုနီး

နီး ဖြစ်နေသော သာသနိက အဆောက်ဦးများ ပြောင်းလဲတိုးတက်လာအောင် ကြည်ညိုဖွယ်


သပ္ပါယ်လှပလာအောင် ကနဦးစွမ်းဆောင်ခဲ့သူ နောက်တော်ပါ ဝန်ကြီးများနှင့်အတူတကွ နေ


ရာတော်များအရောက် ကိုယ်တိုင်လှည့်လည်ပြီး ဖူးမျှော်ခဲ့သူ အိန္ဒိယအင်ပါယာသခင် ဘုရင်


“အသောက”ဖြစ်သည် ။


သူသည် ဗုဒ¨ ဘာသာဖြစ်လာပြီးနောက် အထက်ပါ နေရာတော်မြတ် လေးရပ်ကိုဗဟိုရ်ပြု၍ တ


ခြားနေရာ မျာစွာတို့မှာလည်း စေတီပုထိုး ဘုရားကျောင်းကန် စသော သာသနိကမှတ်တိုင်များ


ကိုစိုက်ထူခဲ့လေသည်၊နောက်ပိုင်း

တွင် ဤသာသနိကအဆောက်ဦးများအား လုံခြုံထိမ်းသိမ်းမှု

လည်းမရှိ ၊ထိုအခါ မလိုလားသူများက ဖြိုဖျက်ခြင်း ဖျက်လိုဖျက်စီးလုပ်ခြင်း

ဗုဒ္ဓ ၏အဆုံးမအား

လုံးကိုပင် အကြွင်းမရှိဖြစ်သွားအောင် (သို့) ပိုင်းစိုးပိုင်နင်းလုပ်ပြီး

ကျူးကျော်သိမ်းပိုက်လိုမှုအ

ထိပြုလာခဲ့ကြလေသည် ။


ဤအခြေနေဆိုးကာလသည် ၊နှစ်ပေါင်းထောင်ချီပြီး ကြာညောင်းခဲ့သည်နှင့်အမျှ “ဗုဒ္ဓ”၏ရုပ်


ကြွင်းတို့မှာ တောချုံများအောက်တွင်၎င်း သူတို့၏ ထိမ်းချုပ်မှု ဖျက်ဆီးမှု

အောက်တွင်၎င်း အ

သွင်တမျိုးဖြင့်၊မျိုးဆက်ပြတ်
မတတ်ခံလာခဲ့ရပေသည် ၊သာသနိကအဆောက်ဦးများတို့အား

နည်းမျိုးစုံဖြင့်ထိပါးဖျက်ဆီး
ခဲ့ကြခြင်းအတွက် တာဝန်ကြွေး
(ဝါ)အကုသိုလ်အကျိုးဆက်ဟုဆို

ကောင်းဆိုနိုင်မည့်အချက်မှာ၊(အိ
န္ဒိယ)နိုင်ငံသည် လပ်လွတ်သော ဘဝတွင် တာရှည်စွာမနေ

လိုက်ကြရဘဲ ၊တိုင်းတပါးတို့၏ ကျွန်ဇာတ်သွင်းခြင်းကို

ခံလိုက်ရလေသည်၊ရာစုနှစ်များနှင်
့ချီပြီး

တိုင်ပြည်ကို မူဆလင်များက အုပ်ချုပ်လာခဲ့ကြပြီး၊


ခေတ်ကူးကာလတွင် ဗြိတိသျှကုန်သည်များ(အရှေ့အိန္ဒိ
ယကုမ္မဏီက)ယင်းတို့၏ အာဏာစက်

အောက်သို့ သွတ်သွင်းခဲ့ကြပြန်လေသည်၊ အိန္ဒိယနိုင်ငံတော်အား ယင်းတို့၏ အာဏာစက်


အောက်သို့ သွတ်သွင်းကြပြီးနောက် ၊များမကြာမီမှာပင် ဘုရင်အများစုနှင့်

တခြားချမ်းသာသူ

များသည် ၊ကိုယ်ပိုင်ဥစ္စာ ပစ္စည်းများကို မြေအောက်တွင်

သိုဝှက်မြှုပ်နံထားခဲ့ကြသည်၊ဘုရာ


အို ကျောင်းပျက်နေရာများ၌ မြှုပ်ထားကြသည် ၊


သို့ နှင့်ရတနာဇောကပ်နေသော ဗြိတိသျှတို့သည် နေရာတိုင်းမှာ ရွှေ ငွေရလိုဇောဖြင့် စတင်


တူးဖြိုကြတော့သည်၊ဘယ်နေရာမဆို တူးတိုင်း ဖြိုတိုင်း “ပြုံ့တော်မူဟန် ဗုဒ္ဓ

ရုပ်ပွါးတော်တစ်

ဆူစီ”ပေါ်တော်မူခဲ့သည်ချည်းဖြစ်ေ
နသည်၊နောက်ပိုင်းတွင်မူ ၄င်းတို့သည် ဘုရားဖြိုယင်းက

ဘုရားရိပ်ခိုသူများဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြသည်


တူးဖော်မှုများအတွက် ထိုစဉ်ကတာဝန်ယူရသူမှာ ဗြိတိသျှကျောက်စာဝန် မအှာဆာ အလက်


စန္ဒား ကန်နင်ဂဟန်ဖြစ်ပြီး ၊ယင်းသည် ဗုဒ္ဓနေရာတော်များ အားလုံးလောက်ကို တာဝန်ယူတူး


ဖော်ခဲ့သူလည်းဖြစ်သည် ၊ဗုဒ္ဓဂယာတန်ဆောင်တော်ကြီး ထက်အက်ကွဲ၍ပြိုလုတဲတဲ ဖြစ်နေ


သည်ကို သိပÜံ နည်းကျ ခိင်မာအောင်လည်း ပြုလုပ်ပေးခဲ့သည် ၊ထိုစဉ်က

လေမုန်တိုင်းကြောင့်

ပြိုလဲသွားသည့် ရှေ့ဟောင်း ဗောဓိပင်နေရာတွင် ယခုမြင်တွေ့နေရသော ဗောဓိပင်ကိုအစား


ထိုး စိုက်ပျိုးပေးခဲ့သည် ။


သီဟိုရ်မှ အနာဂါရိကဓမ္မပါလသည် ဗုဓ္ဒနေရာတော်များ ဗုဒ¨ဘာသာတို့လက်ထဲပြန်ရောက်ရန်


သေတပန် သက်တဆုံး ဘဝကိုမြှပ်နှံ၍တိုက်ပွဲဝင်ခဲ့
သည် ၊ဤ အနာဂါရိကဓမ္မပါလ၏ ကြိုးပန်း

မှုများကြောင့်လည်း ဗုဒ¨ဂယာကျောင်းတော် ၊ပုထိုးတော်အတွက်

အုပ်ချုပ်ရေး၊စီမံခန်းခွဲရေး အက်ဥပဒေပေါ်ပေါက်ခဲ့သည်
၊ဘုရားနေရာတော်အများတု့ကို တနည်းမဟုတ်တနည်းဖြင့် ပတ်

သက်၍ လွတ်လပ်စွာလှည့်လည်ဖူးမျှော်ခွ
င့်ရခဲ့သည်၊ရာစုနှစ်များနှင်ချီ
လူသူအရောက်ပေါက်

မရှိ ခြောက်ကပ်တိတ်ဆိတ်နေခဲ့သော ဤနေရာတော်များ ပြန်လည်သက်ဝင်လာ၊စည်ကား


လာခဲ့ခြင်းဖြစ်သည်။


ဘုရားရှင်၏ သစ္စာဓမ္မ တို့မည်သောခါမှ တိန်ကော့သွားလိမည်မဟုတ်ဆိုတာကို တဖန်အောင်


လံလွှင့်ထူခြင်းလည်းဖြစ်သည်၊ဤအော
င်လံတော်ကြီးကို ပိုမို
လှုပ်ခတ်စေနိုင်ခြင်းတို့မှာ(၁၉

၅၆)ခုနှစ် လူပေါင်း-၂-သန်းခန့ရှိသော အိန္ဒိယ ဇာတ်နိလူထုကြီးအားဦးဆောင်၍ ဗုဒ¨ဘာသာအ


ဖြစ်ခံယူခဲ့သော၊ဒေါက်တာ အမ်ဘေဒကာနှင့်၊ယင်းအား ဗုဒ¨ဘာသာဖြစ်အောင် သာသနာပြု


ပေးခဲ့သော “ကုသိနာရုံဆရာတော်ကြီးစန္ဒြရမဏိ ဘာဘာကြီး”၏ ကျေးဇူး ၊လုပ်ဆောင်ခဲ့မှုတို့


ကြောင့်ပင် ။


အိန္ဒိယ သာသနာ တခေတ်ဆန်း၍ ကမ္ဘာမှ အံအားသင့်ခဲ့ရသော ပထမ“ဝိဇယဒဿမီ”ခေါ်ဤ


ဖြစ်၏နောက်ပိုင်းတွင်ကား ၊ဘုရားနေရာတော်များသည် အသောက၊ကနသျှ ၊ဟသျှာဝဒါန

စသော သာသနာပြု ဘုရင်ကြီးများလက်ထက်တော်ကာလများ
နှင့်မခြား
တိုးတက်မြိုင်ဆိုင်

သော ခေတ်ဆီသို့ ဦးတည်နိုင်ခဲ့လေသည် ၊ပြည်တွင်း ပြည်ပ နှစ်ဌာလုံးမှ ဘုရားဖူးများစဉ်


ဆက်မပြတ် ရှိခဲ့ -ရှိဆဲလည်းဖြစ်သည် ။


ယင်းတို့အသီးသီးနှင့် သက်ဆိုငိသည့် ကျောင်းကန်ဘုရားပုထိုးများဖြင့်
လည်း
ပို၍ပင် ကြည်

ညိုဖွယ်ဂုဏ်ကိုဆောင်ပြီး ၊ဘာသာမတူ လူမျိုးစုများကိုပင် မလာလျှင်မဖြစ်တော့သည့်အနေ


ထားဖြင့် ညှို့ယူဖမ်းစားထားနိုင်သော အခြေနေ သို့ တက်လှမ်းနိုင်ခဲ့ပါပြီ ၊ဤ

ခရီးမှာ မနီးသည့်

အပြင် ၊ဘေးကျံ အန္တရာယ်တို့လည်း ဝိုင်းအုံနေ၏ ၊သို့ပေသိ ဘုရားရှင်၏

အနိုင်းမဲ့သေ ဂုဏ်တို့

မှာ သည်နေ့ထိတိုင် အနိုင်းမဲ့ နေဆဲပါ။



                 ငြိမ်းချမ်းရေးရိပ်မြုံ(၃) သို့---------------အရှင်ရေဝတ(M.A)

No comments:

Post a Comment