Monday, 6 August 2012

ငြိမ်းချမ်းရေးရိပ်မြုံ (၂၃)

          ဗုဒ္ဓဝါဒ၏စွမ်းအား
ဗုဒ္ဓဝါဒ ၌ ပညာဟူသည် သူတစ်ပါးတို့၏ ဒုက္ခကို မိမိဒုက္ခနှင်းမခြား သဘောထားနိုင်ခြင်း
(ကရုဏာ)အပေါ်အခြေခံသည် ၊သိပ္ပံပညာကား အန္တရာယ်ပြွန်းသည့် ပန်းတိုင်ဆီသို့ တဟုန်
ထိုး အပြေးနှင်လျှက်ရှိသည် ၊သို့ဖြစ်၍ ဗုဒ္ဓဝါဒနည်းဖြင့် ခေတ်သစ် သိပ္ပံ၏
ဦးတည်ရာ လမ်း
ကြောင်းမှန်အောင် ပြုပြင်ပေးရမည် ဖြစ်သည် ၊ဤအတွက် ဗုဒ္ဓ ဓမ္မ သည် အရေးပါလှသော
အခန်းကဏ္ဍဖြစ်သည် ။

အနာဂတ်တွင်တောက်ပြောင်လာမည့် လူ့ယဉ်ကျေးမှုကြီးတစ်ရပ်ကိုတည်ေ

ဆာက်ရာတွင် သိပ္ပံ
ဆိုင်ရာ သုတေသနနှင့် တီထွင်မှုအပိုင်း၌ စိတ်ဘက်ဆိုင်ရာမှ
ဦးဆောင်လမ်းညွန်မှုများကို ဗုဒ္ဓ
ဝါဒက ပေးနိုင်စွမ်းသည် ၊လောလောဆယ်တွင် အလွန်အမင်း တိုးတက်မြန်ဆန်နေသည့် တီ
ထွင် ဆန်းသစ်မှု၏ ကျွန်ပြုမှုကိုခံယူရင်း
မျှော်လင့်ချက်ကင်းမဲ့နေသလြို
ဖစ်လာနေသည့် သိပ္ပံ
ဆိုင်ရာ တိုးတက် ဆန်းကြည်မှုများအတွက် မှန်ကန်သော လမ်းကို ဗုဒ္ဓဝါဒက ပေးနိုင်သည်
(အာလ်ဘာတ်အိုင်စတိုင်းက)=

ဗုဒ္ဓဘာသာအား ဂုဏ်ပြုပြောဆိုခဲ့ရာတွင် “ခေတ်သစ် သိပ္ပံ၏လိုအပ်ချက်များကို ဖြည့်ဆည်း

ပေးနိုင်သည့် တစ်ခုတည်းသော ဘာသာတရားမှာ ဗုဒ္ဓဘာသာ ဘဲဟုဆိုခဲ့သည်”၊နောက်ဆုံး
ပေါ် သိပ္ပံတွေ့ရှိမှုများနှင့် အံဝင်ခွင်ကျဖြစ်စေရန်အတွက် ဗုဒ္ဓဝါဒအား
မည်ပြင်ဆင်စရာမှမလို
အပ်ပေ၊ သိပ္ပံ နှင့် သိပ္ပံနယ်လွန်အခြေနေများပါ အကျုံးဝင်ပြီးဖြစ်၍
ဗုဒ္ဓဘာသာအနေဖြင့်သိပ္ပံ၏
ရှေ့ မှောက်၌ မည်သို့မျှ အလျှော့ပေးစရာမလို။ ဗုဒ္ဓဘာသာသည် လူတို့၏ အဇ္ဇတ္တနှင့် လူ့ပတ်
ဝန်းကျင်၌ သိုဝှက် ကိန်းအောင်းလျှက်ရှိနေဦးမည့်
စွမ်းအင်များကိုရှာဖွေဖော်ထုတ်
ရန် လူကို
အားပေး အားမြှောက်ပြု့ရင်း ဘာသာရေးနှင့် သိပ္ပံတို့အကြား ပေါင်းကူး
တံတားသဖွယ် ဖြစ်နေ
မည်မှာ ဧကန်ပင် ။တချို့သော အရာဝတ္ထုတစ်ခု (သို့မဟုတ်)သဘောတရားတစ်ခုတို့
သည်
ခေတ်တစ်ခေတ်အတွင်း ဒေသတစ်ခု၏ဘောင်အတွင်း၌သာ ရှင်သန်ဖြစ်တည်တတ်သည့်သ
ဘော၇ှိသည် ။

သို့ရာတွင် မီးဖိုချောင်သုံး ပစ္စည်းများအနက် ဆား၏ ငန်သောအရသာသည် မည်သည့်ဒေသ၊

မည်သည့် ကာလ၌မဆို တည်မြဲ၏ ပြောင်းလဲပျက်ပြယ်သွားခြင်းမရှိ ၊ထို့အတူ နှစ်ပေါင်း(၂၅၀၀
)ရာကျော်လာပြီဖြစ်သော ဗုဒ္ဓ၏ အကြွင်းမဲ့ သစ္စာဓမ္မများသည်လည်း လူတို့၏
အကျိုးစီးပွါးကို
အချိန်ကာလ ဒေသမရွေး ယနေ့ထိတိုင် ထိရောက်စွာ သယ်ပိုးနေဆဲဖြစ်၏ ၊လူသားအားလုံးတို့
တွေ့ကြုံခံစားနေကြရသည့် ဆင်းရဲဒုက္ခအပေါင်းတို့ အကြောင်းရင်း ဇစ်မြစ်ကို
ဗုဒ္ဓသည် ထိုစဉ်
ကတည်းက ထောက်ပြတော်မူခဲ့သည် ။

ယင်းဒုက္ခများ၏ ရေသောက်မြစ်မှာ ပဋိစ္စသမုပ္ပါဒ်အရ “ငါ”ဟူသော အတ္တပင်ဖြစ်၏ ဤကိုယနေ့

ကမ္ဘာအနှံ လူများ သိလာ လက်ခံလာကြ၏ ဗုဒ္ဓဝါဒ၏ စွမ်းအင်ပင်ဖြစ်၏
၊ဒုက္ခမှန်သမျှသည် အပူသောကဖြစ်၏ ဤကိုငြိမ်းစေလိုလျှင် ရှေ့ဦးစွာ
မိမိကိုယ်ကို ငြိမ်းအောင်လုပ်ရမည်၊မိမိရင်
ထဲတွင်ငြိမ်းမှ အားလုံးငြိမ်းမည်ဖြစ်၏ ၊လွန်ခဲ့ပြီး နှစ်ပေါင်း
နှစ်ထောင်ငါးရာကျော်ကာလက
ဗုဒ္ဓဟောတော်မူခဲ့သော အနတ္တဝါဒ ၊မေတ္တာ ၊ကရုဏာစသည့် လောကလမ်းညွန်တရားတော်
များသည် လူတိုင်းရှိ လူ့ပြဿနာအားလုံးတို့ကို ငြိမ်းစေနိုင်မည့်
ငြိမ်းချမ်းရေးရိပ်မြုံ အဖြစ် ဆက်ပြီး ဦးဆောင်နေဦးမည်သာဖြစ်၏ ။

ဤစာသားများကိုလေ့လာဖတ်ရှု့ ယင်း ရရှိလာသော အသိဥာဏ် ဗဟုသုတမှတဆင့် မိမိတို့

                 ဘဝကို ငြိမ်းချမ်းအောင်တည်ဆောက်နိုင်ြ
ကပါစေ
                                   အရှင် ရေဝတ -ဓမ္မာစရိယ(M.A)

ငြိမ်းချမ်းရေးရိပ်မြုံ (၂၂)

        အဝဇ္ဇာကို ခွင်းဖောက်ကြည့်ခြင်း
ဗုဒ္ဓကိုယ်တော်တိုင်ပွါးများတော်

မူခဲ့သော လောကုတ္တရာစိတ် (ပညာ)သည် အာရုံအသိအဆင့်
ကိုကျော်လွန်ပြီး ဆက်စပ်အသိ စိန္တာမယနယ်မှလည်းလွန်မြောက်သည်
၊ပုံမှန်အားဖြင့် လူတို့၏
အသိစိတ်သည် စုစည်းရယူထားပြီးဖြစ်သည့် ကိုးကွယ်ယုံကြည်မှု ၊အတွေးအခေါ်၊ အကြံစည်၊
လုပ်ကိုင် ဆောင်ရွက် ထိတွေ့ခံစားဖူး မှုစသည့် သက်ဆိုင်ရာ အသိနယ်ပယ်များထဲတွင်သာ
ကျက်စားတတ်သည် ၊စိတ်ပသာဒအတွက် အသိစိတ်ဝိဥဏ်ကို အာရုံခံ ပသာဒရုပ်များမှတဆင့်
စုဆောင်းရသည် ။

မျက်စိအကြည် ၊နားအကြည် ၊လျှာအကြည်၊ကိုယ်အကြည် ဓာတ်များသည် အကြောင်းအမျိုးမျို

ကြောင်း -ထက်မြက် ကြည်လင်မှုအဆင့် အလွန်နည်းပါးသည်၊ထို့ကြောင့် အကန့်သက်ဘောင်
ကျဉ်းကျဉ်းထဲ၌ အာရုံသိမျှဖြင့် လောကကိုနားလည်ရာတွင် ကပြောင်းကပြန် တလွဲတချော်ဖြစ်
ကြရသည် ၊“အဝိဇ္ဇာကို”ထိုးဖောက်ကြည့်ခြင်
း အမည်ရှိ စာအုပ်တွင် ပြင်သစ်ပညာရှင် တစ်ဦး
ဖြစ်သူ(Nicholas of  Cusa) ကဤပုံ သုံးသပ်ပြခဲ့သည် ။

“အာရုံသိမျှတွင်သာ အခြေခံသော ကျွနှုပ်တို့၏ မောက်မာလှသော အသိပညာဟူသမျှကား

စင်စစ် မသိတွေဝေမှု အဝိဇ္ဇာသာဖြစ်၏ ၊ အသိပညာ ဝိဇ္ဇာ ကိုမူအာရုံသိဖြင့် မဟုတ်ဘဲ အာရုံ
သိနယ်ပယ်၏ အပြင်ဘက်သို့ထွက်လျှက် (ထိုးထွင်း)သိဖြင့်
ဆင်ခြင်သုံးသပ်ခြင်းဖြင့်သာရနို
င်
ပေသည် ၊ အမှန်တရားကား ကျွနှုပ်တို့၏ အပြင်ပိုင်း(ဝဥာဏ်) ၅ ပါး၌မတည် ၊အတွင်းပိုင်း
မနော် ဝိဥာဏ်၌သာ ရှာဖွေ တွေ့ရှိနိုင်သည် ၊စမ်းသပ်လေ့လာချက်ဖြင့်
အမှန်တရားကိုတွေ့ရှိ
ရန် မမျှော်လင့်နိုင် ၊အလားတူ အာရုံသိ ဆင်ခြင်သိတို့ဖြင့်လည်း မရနိုင် ။

စမ်းသပ်လေ့လာချက် အာရုံသိ ဆင်ခြင်သိတို့သည် ဗဟုသုတရရေးအတွက်သာအထောက်ကူ

ပြု့ ကိရိယာတန်ဆာပလာများဖြစ်ကြသည်၊ အမှန်တရား နှင့်  အရှိတရားကိုရရှိရေးအတွက်မ
ဟုတ် ၊ကျမ်းစာအုပ်များသည် အတွေးကိုနှိုးဆွပေးခြင်းဖြင့် အသိအမြင်
ဗဟုသုတကိုရရှိစေနိုင်
သည် ၊ဘဝ၏ အပြင်ဘက်ကိုသာမြင်နိုင်သည် ၊အတွင်းဘက်ကိုမမြင်နိုင် ထို့ကြောင့် အမှန်တ
ရားကိုရှိရေးအတွက် သင်၏ မျက်လုံးအစုံတို့ကို အတွင်းဘက်သို့ လှည့်ရပေမည် ၊ယင်းသို့
လှည့်နိုင်မှ အမှန်တရားကို ရနိုင်ပေမည် ။

အကယ်စင်စစ်မူ ဗဟုသုတရှာဖွေခြင်းနှင့် အမှန်တရားရှာဖွေခြင်းတို့မှာ တခြားစီသာဖြစ်ကြ၏

လူတို့နေ့တိုင်းပြောဆိုနေကြသော စကားလုံးများသည် “အာရုံ ၅ပါး ဟူသောအကန့်သက်ရှိ
သည့် စိတ်၏ ထုတ်ကုန်ပစ္စည်းမျှသာ ဖြစ်သည် ၊လူတို့၏ စိတ်သည် အာရုံသိ ဗဟုသုတရရှိရေး
အတွက် အာရုံ ၅ ပါးဆိုင်ရာ တွေ့ကြုံ ထင်ဟပ်မှုပေါ်တွင်သာ မှီခိုနေကြသည်၊
သို့ဖြစ်၍ တစ်ခါ
တစ်ရံတွင်မူ အာရုံသိကို စိတ်ချယုံကြည်လို့
မဖြစ်နိုင်၊လူအတော်များများသြိ
မင်လိုက်သည့် ဖြစ်
ရပ်တစ်ခုကို ထင်မြင်ချက်အမျိုးမျိုး ပေးကောင်းပေးကြပါလိမည်။

လောကသဘောအရ လူတို့သည် မိမိလိမ်မာကြောင်း တတ်သိကြောင်း ဗဟုသုတရှိကြောင်း

များစွာပင် ဝင့်ကြွားလိုကြသည် ၊ဤသည်မှာ တကယ်မသိ၍ ဖြစ်ခြင်းသာဖြစ်ပြီး
တကယ်သိသူ
များကမူ ဘောင်ကျဉ်းမြောင်းလွန်းသော အသိနယ်ပယ်၏အဖြစ်ကို သဘောပေါက်သည့်အ
တွက် မသိဟုပင် ဝန်ခံလေ့ရှိကြသည် ၊အဝိဇ္ဇာကို ထိုးဖောက်ကြည့်ခြင်းလည်းဖြစ်၏၊ ဤအ
ချက်နှင့် ပတ်သက်၍ ရှေးခေတ် အေသင်းမြို့တော်၏ အကျော်အမော် အဘိဓမ္မာ
ဆရာကြီး ဆော့ခရိတ္တိအား သူသိတာ ဘာလဲ ဟုမေးသည့်အခါ သူက“ငါသိတာ
တစ်ခုပဲရှိတယ်၊အဲဒါ
က ငါဟာ ဘာမှမသိဘူး ဆိုတာပါဘဲ ၊ဒါသည်ပင် အဝိဇ္ဇာကို ထိုးဖောက်ကြည့်ခြင်းပါ ၊ခွင်း
ဖောက်ကြည့်ခြင်းပါ ။
                ငြိမ်းချမ်းရေးရိပ်မြုံ (၂၃) --သို့---

ငြိမ်းချမ်းရေးရိပ်မြုံ (၂၀)

      သပ္ပံနယ်လွန်  ဗုဒ္ဓဘာသာ

ဘုရားရှင်၏ ဝါဒသည် ခေတ်သစ်ပညာဆိုင်ရာစိတ် နယ်ပယ်ကသတ်မှတ်ချက်ထက် ပိုမိုကျယ်

ဝန်းသည့် အသိပညာ နယ်ရှိခြင်းကြောင့် ခေတ်သစ်ပညထက် သာလွန်သည်၊ အာရုံသိဖြင့်ရ
သည့်ပညာနှင့် စိတ်ကိုပြု့စုပျိုးထောင်မှုဖြင့်

ရသည့်ပညာကိုပါ ဘုရားရှင်၏ဝါဒကလက်ခံသည်၊
အပြင်းအထန် စူးစိုက်ထားအပ်သည့် စိတ်ကို လေ့ကျင့်ပွါးများပေးခြင်းဖြင့် လောကုတ္တရာအ
တွေ့ ကြုံများကိုသိမြင်နားလည် ဆင်ခြင်တတ်လာာသည် ။

ဤကဲသို့သော သိမြင်နားလည် ဆင်ခြင်နိုင်စွမ်းမျိုးကိုစမ်း
သပ်မှုကရိယာဖြင့်
စမ်းသပ်၍ဖြစ်စေ
အနုကြည့် မှန်ပြောင်းဖြင့် ရှာဖွေ၍ဖြစ်စေမရနိုင်၊ခေတ်သစ်
ပညာရှင်များ
တွေ့ရှိသည့် အမှန်တ
ရားသည် ဆင့်ပွါးအမှန်တရားသာဖြစ်၏ ထို့ကြောင့် အမြဲ
ပြောင်းလဲသွားနိုင်သည်၊ ဘုရားရှင်
ရှာဖွေတွေ့ရှိခဲ့သော အမှန်တရားကား နောက်ဆုံးအဆင့်ဖြစ်၍
မပြောင်းလဲနိုင်၊အကြွင်းမဲ့ သစ္စာ
ခေါ် ပရတ္ထ အမှန်တရားဖြစ်၍ ကာလနှင့် အကာလတို့ကိုလိုက်၍လည်း ပြောင်းလဲခြင်းမရှိတော့
ပေ ။
ထို့အပြင် ခေတ်သစ် သိပ္ပံ၏ ရွေးချယ်မှု အမှန်တရားနှင့် ဗုဒ္ဓဝါဒ
တို့မတူညီပုံမှာ ဗုဒ္ဓက ဝါဒရေး
ကိုဖြစ်စေ  သိပ္ပံတို့ တွေ့ရှိချက်ကိုဖြစ်စေ  တခြား တစ်ခုခုကိုဖြစ်စေ
မည်သည့်အရာကိုမဆို ပုံ
သေ ဖက်တွယ်မထားကြဖို့ရန် ဟောကြားတော်မူပေသည် ။ သဘောတရားများနောက်ကို
လိုက်နေမဲ့အစား အာရုံခံစားမှုများကိုကင်းငြိမ်းေ
စလျှက် လောဘ တဏှာကို ပယ်ချလျှက်
 အပြစ်မဲ့သော လူအဖြစ်ဖြင့် မည်သို့ မည်ပုံ မှန်ကန်စွာ ကျင့်သုံး
နေထိုင်သွားရမည်ကိုသာ
ဗုဒ္ဓက ဟောကြားခဲ့ပါတယ် ။

ဤနည်းလမ်းဖြင့်သာ ဘဝ၏ အဓိပ္ပါယ်အစစ်မှန်ကို ရှာဖွေ တွေ့ရှိနိုင်မည် ဖြစ်ပေသည်၊ဗုဒ္ဒတ

ရားတော်အရ လက်တွေ့ကျင့်သုံးမှုသည် အထူးပင် အရေးပါလှပေသည် ၊လက်တွေ့မကျ
စာတွေ့မျှဖြင့်ကား ဆာလောင် မွတ်သိပ်မှုကို ဖြေဖျောက်၍မရနိုင် လက်တွေ့
ကျင့်သုံးမှုသည်
အသိဥာဏ် အလင်းတံခါးပေါက်ရရေး အတွက်မရှိမဖြစ်အရေးပါသည့် ရှေ့ပြေးလိုအပ်ချက်
ဖြစ်သည် ၊သိပ္ပံ၏ လုပ်နည်းလုပ်ဟန်များမှာ အပြင်ဘက်သို့ အမြဲဦးတည်နေသည် ၄င်းတို့ တစ်
ကိုယ်တော် ကောင်းစာရေး အတွက် =
သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတာဖြစ်ရေးကို လျှစ်လျှူရှု့ လျှက်သဘာဝတရားနှင့်
သဟဇာတ အရင်း အမြစ်များကို အမြတ်ထုတ် ခြယ်လှယ်ကြသဖြင့် ကမ္ဘာကြီးသည် တရွေ့
ရွေ့ ညစ်ညမ်းလာရခြင်းဖြစ်သည်။

ဗုဒ္ဓဝါဒ၏ လုပ်နည်း လုပ်ဟန်က လူတို့၏ အတွင်းဘက် (စိတ် -မနော်ဝီဥဏ်)သို့ ဦးတည်သည်

အတွင်း စိတ် တိုးတက်ဖွံ့ဖြိုးရေးကို ဦးစားပေးသည် ၊လူသားတို့ ဘဝရပ်တည်မှုအတွက် နေ့
စဉ် ကြုံရ ဆုံရသည့် ဖြစ်ရပ်အဖုံဖုံ အခြေနေအမျိုးမျိုးနှင့် မည်သို့
လိုက်လျော့ညီထွေနေထိုင်ရ
မည်ကို ဗုဒ္ဓဝါးကအခြေခံကျကျ သွန်သွင်ပေးသည် ၊အဆင့်မြင့်ပိုင်းတွင်
စိတ်ဓာတ်ရင့်ကျက်တိုး
တက်ရေးကို လက်တွေ့ လေ့ကျင့်မှုများဖြင့် မိမိကိုယ်ကို မိမိ အောင်နိုင်
ကျော်လွန်နိုင်စေရန် လူ၏ ကြိုးပမ်မှုများကို အားသစ်လောင်းပေးသည် ။

ဗုဒ္ဓဝါဒ၌ ပရမတ္ထသစ္စာတရားဖြစ်သော နိဗ္ဗာန်ကို

ကိုယ်တိုင်ထိုးထွင်းသိမြင်ရေးသိ
ု့ ရှေးရှု့သည်
ရုပ် နာမ် သဘာဝများကို စူးစိုက်ရှု့မြင်နိုင်စွမ်းသော “ဝိပဿနာ” ပညာကို
ပျိုးထောင်ပေးသည်
ဤကို သိပ္ပံက လုံးဝမပေးစွမ်းနိုင် ပေးနိုင်သည်များမှာ လူတို့စိတ်ကို
ရူးသွပ် ပျက်ပြားစေသော
ရုပ်ဝတ္ထုတို့ကိုသာ တလပ်စပ်ပေးနိုင်၏ ၊ထို့ကြောင့်  ဗုဒ္ဓဘာသာ  ဗုဒ္ဓ၏
အဆုံးမများသည် သိပ္ပံ
နယ်ထက် မြင့်မြတ် ကျယ်ပြန့်သော ဘာသာဖြစ်သည် ။
                       ငြိမ်းချမ်းရေးရိပ်မြုံ(၂၂) =သို့====

ငြိမ်းချမ်းရေးရိပ်မြုံ (၂၀)

  ဗုဒ္ဓဝါဒနှင့်ခေတ်သစ်ပညာ။
လွန်ခဲ့သည့်နှစ်(၁၅၀)မတိုင်မီ

ကအထိ သပÜံပညာမထွန်းကားသည့်
တိုင်းပြည်အချို့တို့မှာဘုရား
ရှင် သာသနာထွန်းကားနေခဲ့သည် ၊ဘုရားရှင် ဝါဒ၏လွတ်လပ်စွာ
တွေးခေါ်ဆုံးဖြတ်နိုင်ခွင့်ရှိ
သည့်အချက်က သပÜံဆိုင်ရာမြော်မြင်မှုများကို လမ်းဖွင့်ပေးနေခဲ့သည်
၊ယင်းကြောင်း ခေတ်ပညာရှင်များက ဘုရား၇ှင်၏ ဝါဒကိုအလွယ်နှင့်
လက်ခံနိုင်ခဲ့ကြသည် ၊အကြောင်းမှာ
ဘုရားရှင်၏ ဝါဒ၌ တင်းကျပ်သေးသိမ်သည့်အယူအဆများ
အတွက် လုံးဝနေရာပေးထားခြင်း
မရှိ ။

လပ်လွတ်စွာ တွေးခေါ်နိုင်မှုတို့ကိုအဓိကထား
သည် ၊သို့ဖြစ်၍ မျက်ကန်းယုံကြည်မှု၊တနည်း
ဘယ်သူဖန်ဆင့်မှုဆိုသည့် အနေထားမျိုးနှင့် လုံးလုံးဆက်စပ်မှုမရှိကြောင့် သိသာနိုင်သည်
နောက်အကြောင်းတစ်ချက်မှာ ပရမတ်သစ္စာတရားအပေါ် ဘုရားရှင်၏ ချဉ်းကပ်ရှုမြင်ပုံက
ခေတ်သစ်ပညာနှင့် လျှောညီခြင်းဖြစ်သည် ၊ခေတ်သစ်ပညာရှင်များသည် အပြင်လောက၏
သဘာဝအရင်းအမြစ်များကို သမာသမတ်ကျအောင်လေံလာစုံစမ်းသည် ၊လက်တွေ့စမ်းသပ်မှု
များကို အကြိမ်ကြိမ် တည်ဆောက်ပြီးမှ သီဝရီများကိုချမှတ်သည်။

ဤသညမှာ ဘုရားရှင်၏ ဝါဒနှင့်လမ်းစဉ်ဖြစ်သည် ဘုရားရှင်သည် လွန်ခဲ့သည့် နှစ်ပေါင်း(၂၅၀

ဝ)ကျော်ကတည်းက မိမိကိုယ်တွင်း ရုပ်နာမ်တရားများကို
နှိုက်နှိုက်ချွတ်ချွတ်ခွဲခမြ်းစိ
တ်ဖြာ၍
လေ့လာတော်မူခဲ့သည် ၊မှန်ကန်ကြောင်းတိတိကျကျမသိရှိေ
သးသမျှ မည်သည့်အယူဆကိုမျှ
လက်မခံကြရန်လည်း တပည့်သားတို့အား ဟောပြခဲ့သည် ၊ဤသို့လျှင် ဘုရားရှင်၏ ဝါဒနှင့်
ခေတ်သစ်ပညာရှင်များတို့၏ လေ့လာပုံတို့ တညီနီးစပ်နေသလိုရှိသော်လည်း ၄င်းတို့၏ ဆန်း
စစ်မှုကို ဘုရားရှင်၏ ဝါဒနှင့် တစ်တန်းတည်းထား၍ကား မဖြစ်နိုင် ။

ခေတ်သစ်ပညာရှင်များ၏ လက်တွေ့ကျကျစူးစိုက်လေ့လာမှုအရ လူတို့သည် ပိုမိုကောင်းမွန်ပြီး

သက်တောင်းသက်သာ အသက်ရှင်နေထိုင် လုပ်ကိုင်သွားလာနိုင်ကြ၏ ၊ယခင်က အိပ်မက်
တွင်မျှ မမြင်မက်ခဲ့ဖူးသော အံ့မခန်းအရာများကိုပင်
တီထွင်သုံးစွဲလာနိုင်ပြီကိုလည်း အားလုံး
လက်တွေ့ပင် ၊“လူသည် ငါးထက်ရေကြောင်းသာပြီး ၊ငှက်ထက်အမြင့်ပျံနိုင်သောသတ္တဝါ
လည်း
ဖြစ်သည် ”ယင်းသို့ပျံနိုင်မှုကြောင့် လပေါ်မှာပင် ခြေနင်းချနိုင်ခဲ့ပါပြီ
၊လူတို့၏ ပုံမှန်အသိက ထုံး
တမ်းစဉ်လာ(ပုံစံ)ကျအသိမျှသာဖြစ်
သော်လည်း ခေတ်သစ်ပညာရှင်များ အသိက လက်တွေ့
အထောက်ထားများကိုသာယုံကြည်ကြသည် ။

လက်တွေ့မကျသမျှကိုငြင်းပါယ်လာခဲ
့ကြသည်၊လက်တွေ့မမြင်ရသေးသော်ငြား ယုတ္တိရှိလျှင်
လက်ခံရမည်ဟုလည်းဆိုလာကြသည် ၊သို့ပေသိ လူတို့စိတ်ကိုထိမ်းချုပ်နိုင်စွ
မ်းကိုကား၎င်း
ပညာများက မလုပ်ပေးနိုင် ၊ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာန
ှင့် သက်ရှိတို့ဘဝ
ဦးတည်ချက်ဆိုင်
ရာကိုလည်း ကောင်းမွန်တိုးတက်အောင် မလုပ်ပေးနိုင်
၊ယင်းတို့ကိုလုပ်ပေးနိုင်သည်မှာ ဘုရား
ရှင်၏ ဝါဒနှင့် လမ်းစဉ်သာဖြစ်၏ ၊ထို့ကြောင့် ခေတ်သစ်ပညာရှင်များတို့၏
လေ့လာဆန်းစစ်မှု
များကို ဘုရားရှင်၏ ဝါဒနှင့် တန်းတူထား၍မရနိုင် ။

ငြိမ်းချမ်းရေးရိပ်မြုံ(၂၁)--သိ
ု့----

ငြိမ်းချမ်းရေးရိပ်မြုံ (၁၉)

  ခေတ်ကိုဦးဆောင်မည့် ဗုဒ¨ဝါဒ။
ငြိမ်းချမ်းရေးရိပ်မြုံ(၁)မှ(

၁၉)ထိအကြောင်းရာတို့သည် ရှည်လျှားစွာသော အချိန်ရထား၏
တုက်စားမှုအလယ် မပျောက်မပျက်နိုင်ဘဲ ယနေ့တိုင် ထင်ရှား ကျော်ကြားနေသော ဗုဒ¨၏
နောက်ခံပုံရိပ်အချို့တို့ဖြစ်
သည် ၊ဤအကြောင်းရာတို့ကို လေ့လာလိုက်စားမှုကြောင့် ဗဟုသု
တတို့ပွါးမည်ဖြစ်၏ ၊ဗဟုသုတကြောင့် အမြော်အမြင် ဆင်ခြင်သုံးသပ်နိုင်စွမ်း
ဥာဏ်ပညာတိုး
ပွါး၏ ၊ပညာအမြော်အမြင်ကြောင့် အကျိုးအကြောင်း အဆိုး အကောင်းကို သုံးသပ်ရွေးချယ်
နိုင်သဖြင့် အမှန်ကိုနားလည်သိမြင်နိုင်၏။

အမှန်တရား အရှိတရားများကို ကောင်းစွာသိမြင်နိုင်မှ အဓိပÜာယ်ပြည့်ဝသော

လူအဖြစ်နှင့် လောကအကျိုး သံသရာအကျိုးတို့ကို လက်တွေ့ကျကျ
ရယူနိုင်ကြမည်ဖြစ်၏ ၊လူတို့သည်
အရာရာတွင် စုံစမ်းလေ့လာရခြင်း၌ပျော်ပိုက်ေ
သာ လူ့စရိုက်အမြူတေးကြောင့် “ကျောက်
ခေတ်မှ သည်လက်ရှိအခြေနေသို့တိုင် ချီတက်နိုင်ခဲ့ခြင်းဖြစ်၏ ၊ယနေ့ခေတ်သည် ကမ္ဘာ့ရွာ
ဖြစ်နေသောအချိန်ခါလည်းဖြစ်၏ ၊ကမ္ဘာ့မည်သည့်နေရာမဆို တစ်စုံတရာဖြစ်ပွါးနေဆဲမှာပင်
တိုက်ရိုက်ဆက်သွယ်ကြားမြင်လို့
ရနေပါပြီ ။

လူတို့နေထိုင်ရပ်တည်မှုကိစ္စအဝဝတိ
ုင်းတွင် သိပÜံတီထွင်မှု တစ်ခုမဟုတ်တစ်ခု တနည်းနည်း
ဖြင့် မဆက်သွယ်သည့်နေရာဟူ၍မရှိလောက်ေ
အာင်ပင်၊ လွန်ခဲ့သောနှစ်ပေါင်း(၃၀၀)ရာခန့်က
စတင်ခဲ့သည် သိပÜံတိုးတက်ပြောင်းလဲမှုသည် လက်ရှိအချိန်ထိ တစ်ဟုန်ထိုးပြေးလွှားလာခဲ့
သည် ၊ယနေ့ဖြစ်ပေါ်တိုးတက်နေမှု၏ အဆင့်ကိုကြည့်လျှင်အဆုံးစွန်အထိ
ရောက်နေပြီလားဟု
ထင်စရာဖြစ်သော်လည်း စင်စစ်မှာ ဒီရေအလားသို့ မီးနစ် စက္ကန့်နှင့်အမျှ
ရှေးသို့ချည်း တလစပ်
ချီတက်ပြေးလွှားနေခြင်းသာဖြစ်၏ ၊တီထွင်ဆန်းသစ်မှုခေတ်၏ရေစီးသည် အချိန်တိုင်းအချိန်
တိုင်း ကိုးကွယ်ယုံကြည်မှု ဘာသာတရား၏ ကမ်းပါးကို အပြင်ထမ်းဆုံးလည်း ရိုက်ခတ်နေ၏
တိုက်ဖျက်နေ၏ ။

ဘာသာရေးအယူဝါဒ အတော်များများတို့သည် ၊သိပÜံဒီရေလှိုင်း၏ ရိုက်ချက်ကြောင့်

ပြိုကွဲခဲ့ကြ
ရသည် ၊ဤကိုတိုးတက် ပြန့်ပွါးသော အမြင်ရှိသူများနှင့် ပညာတတ်အလွှာများကလက်မခံကြ
တော့ပေ ၊ယုတ္တိပြသမှုလောက်တွင်သာ လမ်းဆုံးနေသော ရွှေရည်စိမ် သစ္စာတရားမျိုးနှင့် အ
လားတူ သိပÜံဆိုင်ရာ ရှာဖွေ တွေ့ရှိမှုများသည်၊သက်တို့အတွက် တစ်နေ့ထက်တစ်နေ့ေ ကြာက့်
ရွံ့စေမှု တုန်လှုပ်စေမှု များတို့ကို မွေးဖွားပေးနေ၏ ။

ယင်းတို့နှင့်နိုင်းလျှင် ဘာသာတရားများသည် လူ့ဘောင်

ဖွံ့ဖြီုးတိုးတက်ရေးအတွက် များစွာအ
ကျိုးဆောင်ကြသည်ဟုဆိုနိုင်သည် ၊အနှီးဘာသာတရားများကပင် လူတို့ဘဝတိုးတက်ရေး
အတွက် လမ်းညွန်မှုများစွာပေးခဲ့ကြသည် ၊အလေးထားအပ်သည့် လူ့အဆင့်“စံ”များနှင့်တန်
ဘို့များကိုကား ဗုဒ¨ဝါဒက များစွာပေးနိုင်ခဲ့သည် ၊ယခုလည်းပေးဆဲ နောင်ကိုလည်းပေးလတ္တံ့
ထို့ကြောင့် ဗုဒ္ဒဝါဒကို ခေတ်ကို ဦးဆောင်မည့် ဝါဒဟူ၍ခေါ်နိုင်ပြောနိုင်သည် ။


ငြိမ်းချမ်းရေးရိပ်မြုံ(၂၀)--သိ
ု့---

ငြိမ်းချမ်းရေးရိပ်မြုံ (၁၈)

     ဝေသာလီ
ဝေသာလီသည် လစ္ဆဝီမင်းများ စုပေါင်းအုပ်ချုပ်သည့် ဒီမိုကရစီ
နိုင်ငံတစ်ခုဖြစ်သည် စည်း
လုံးညီညွတ်မှုအားကောင်းသော လူမျိုးစုလည်ဖြစ်သည် ၊ဘုရားရှင် ကိုယ်တော်တိုင် လစ္ဆဝီတို့
၏ စည်းလုံးပုံ ညီညွတ်ပုံများကို အတုယူကြစေရန် ရဟန်းတော်များအား ဟောကြားခဲ့ဖူးသည်
မြို့ကို တံတိုင်း(၃)ထပ်ဖြငိ့် ကာရံထားသည် ၊ဝေသလီပြည်
ကပ်ရောဂါဆိုက်ခဲ့စဉ်က အရှင် အာ
နန္ဒာ (ရတနသုတ်)ပရိတ်တရားတော်ကိုဟောခဲ

့သဖြင့် ကပ်ရောဂါ ငြိမ်းပျောက်ပြီး ချမ်းသာရခဲ့
ကြသည် ။

ဘုရားရှင် ကိုယ်တော်တိုင် ဝေသာလီပြည်ရှိ ဝေသာလီပြဿဒ်(ကူဋာဂါရသာလာ)ကျောင်
း၌ဝါ
ဆိုခဲ့ဖူးပြီး ၊နောက်ဆုံးဝါကိုလည်း ဝေသာလီအနီးရှိ “ဝေဠုဝ”ရွာ၌
ဝါကပ်တော်မူပြီး အာယုသင်္ခါ
ရလွှတ်တော်မူခဲ့သည် ၊အာယုသင်္ခါရလွှတ်သည်ဆိုရာ၊ငါဘုရား ပရိနိဗာန်ပြုတော့မည်ဟု သန္နိဋ္ဌ
ာန်ချလိုက်ခြင်းဖြစ်သည် ၊ယင်းသို့ သန္နိဋ္ဌာန်ချ၍
ဘုရားရှင်ပရိနိဗာန်ပြုတော်မူပြီ
းနောက် နှစ်မ
ကြာမီမှာပင် ၊ဝေသာလီပြည်ကို  ဘုရင်အဇာတသတ်သိမ်းပိုက်မှုကြောင်
့ မာဂဓတိုင်း၏လက်
အောက်ခံဖြစ်သွားခဲ့သည်။

၎င်းနောက် ဝေသာလီရှိ ရဟန်းတော်အချင်းချင်း ရွှေ ငွေဒင်္ဂါး

များကိုကိုင်တွယ်မှုကြောင်းဖြစ်
သော အဓိကရုဏ်းကို အကြောင်းပြု၍ “ဒုတိယသင်္ဂါယနာ”ကို ဝေသာလီမှာပင်တင်ခဲ့ကြသည်
ဝေသာလီတွင် သာသနာတော်အတွက်အရေးပါလှသော သာသနာ့အထိမ်းမှတ်နေရာတော်မျာ
း ဓာတ်စေတီတော်များ နှင့် ဘုရားရှင်၏ သပိတ်တော်စေတီတို့ ရှိခဲ့သည် ၊အေဒီ-၂-ရာစုတွင်
ကနိသျှကဘုရင်က ဝေသာလီကိုတိုက်ခိုက်သိမ်းပိုက်
ခဲ့သည် ၊သပိတ်တော်ကိုလည်း သူ၏မြို့
တော် ပက်သျှဝါ သို့ ရွှေ့ ပြောင်းယူသွားခဲ့သည် ။

ယင်းသပိတ်တော်ကို မူဆလင်များကအကြိမ်ကြိမ်ဖျက်ဆီး
ခဲ့ကြသည် ၊သောသော်မပျက်ဆီးခဲ့၊
ယင်းကို(အာဖဂန်နစ္စတန်)နိုင်ငံ ကန္ဒာရ(kan dha ra)ရှိ မူဆလင်ကျောင်းတွင် ယနေ့ထိတိုင်
ဖူးမျှော် တွေ့ရှိနိုင်သည် ၊ယခုခါ သပိတ်တော်၏ ဘေးပတ်လည်တွင် ပါရှန် ဘာသာဖြင့် စာတ
ချို့ ရေးထားသည်ဟုလည်းသိရသည် ၊(ဟူယင်ဆင်နှင့် ဖာဟီယန်)တို့ရောက်ခဲ့စဉ်က ဝေသာ
လီမှာ ပျက်စီးပြီး တောထနေသည့် ပတ်ဝန်းကျင်ကိုသာ မြင်တွေ့ခဲ့ကြရသည် ။ရဟန်းအနည်း
ငယ်နေထိုင်သည့် ကျောင်းအချို့ကိုလည်းမြင်ခဲ့
ရသည့်ဟုဆိုသည် ။

ဝေသာကို ရှေးဟောင်း သုတေသနဌာနမှာ တူးဖော်ရာတွင် တစ်မိုင်ခန့် ကျယ်ဝန်းသည့် စက်

ဝိုင်းပုံ မြို့တော်ဟောင်း ၊ရှစ်ပေမြင့်သည့် မြို့ရိုး -ကျုံး-လူနေအိမ်
အုဌ်ခုံများနှင့် ကုန်သည်ကြီး
များသုံးသော တံဆိပ်တုံးများကိုတွေ့ကြရသည် ၊ဝေသာလီမှ မြောက်ဘက် အနောက်ခပ်
ယွန်းယွန်း(၂)မိုင်ခန့်အကွာ ဒေဝါရိယားသို့သွားသည့် ကားလမ်း၏ လက်ဝဲဘက်တွင် စေတီ
ကြီးတစ်ဆူနှင့် ကပ်လျက် အသောက မင်းကြီး၏ ကျောက်စာတိုင်တစ်တိုင်ကိုတွေ့
ရသည်
(၂၂)ပေမြင့်ပြီး ခြင်္သေ့ရုပ် စီးမိုးပါရှိသည် ။
                           ငြိမ်းချမ်းရေးရိပ်မြုံ(၁၉)--သို့-----

ငြိမ်းချမ်းရေးရိပ်မြုံ (၁၇)

     ပါဋလိ
ပါတလိသည် ဘုရားရှင်လက်ထက်တော်က ဂင်္ဂါမြစ်ကမ်းစပ်တွင် တည်ရှိသော သာမန်ရွာလေး
တစ်ရွာဖြစ်သည်၊သောသော် ယင်းသည် “မာဂဓတိုင်းနှင့် ဝိဇ်ဇီတိုင်း”တို့၏နယ်စပ်ဖြစ်သဖြင့် ဆက်သွယ်ရေးအတွက် အလွန်အရေးပါလှသော ရွာငယ်ဖြစ်သည် ၊ဘုရင်အဇာတသတ်သည်
“ဝေသာလီ”ကိုသိမ်းပိုက်နိုင်ရေးအတွက် ဤရွာငယ်ကို ခံတပ်မြို့အဖြစ် တိုးမြှင့်တည်ဆောက်ခဲ့
သည် ၊မြို့တော်အဖြစ်သတ်မှတ်ခဲ့သည် ၊မြို့တော် ခန်းမဖွင့်ပွဲတွင် “ဘုရားရှင်ကိုယ်တော်”တိုင်
ကြွရောက်ပြီး တရားဟောခဲ့သည် ။

ဘုရားရှင် “ပရိနိဗာန်”ပြုတော်မူပြီး နှစ်(၁၀၀)အတွင်းမှာ မာဂဓတိုင်း၏ မြို့တော်ဖြစ်လာပြီး ပါဋလိဂါမ(patali village)မှ ပါဋလိပုတ္တ(patali city)ဖြစ်လာခဲ့သည် ၊ယခုခါ ပတ္တနား ဟုခေါ်
သည် ၊ဗီဟာပြည်နယ်၏ မြို့တော်ဖြစ်သည် ၊ဤကို အယင်နာမည်အတိုင်း ပါဋလိပုတ္တ ဟုပြန်
ခေါ်ကြရန် ဗီဟာပြယ်နယ်အစိုးရက အဆိုပြုလျှက်ရှိသည် ၊ဂင်္ဂါမြစ်၏ တောင်ဘက်ခြမ်းတွင်
ရှည်လျှားစွာတည်ရှိနေသော မြို့ဖြစ်သည် ၊မြို့၏အစွန်တွင် ကကုဋာရာမ (ကြက်ခြံ)ဥယဉ်ရှိ
သည် ၄င်ဥယဉ်ကို ဘီစီ ၂၅၃ တွင်“အသောကာရာမ”ဘုန်းကြီးကျောင်းအဖြစ်“အသောကမင်း
ကြီးက”ဆောက်လုပ်လှူဒါန်းခဲ့သည် ၊ဤကျောင်းမှာပင်“အသောကမင်း”ကြီး၏ထောက်ပံ့မှုကို
ယူလျှက် ။

ရှင် မဟာမောက္ကလိပုတ္တတိဿမထေရ်ဦးဆောင်ပြီး ရဟန္တာ အရှင်သူမြတ်များက “တတိယသ
င်္ဂါယနာ”တင်ခဲ့ကြသည်၊ကျောင်းတော်နေရာကို လက်ရှိ အိန္ဒိယအစိုးရကတူးဖော်တွေ့ရှိထားပြီး
ဖြစ်သည် ၊နန်းတော်ရာကိုကားခုထိမတွေ့ရသေးပေ ၊သောသော် တရုတ်ခရီသည်(ဖာဟီယန်)
က အသောကမင်းကြီး၏ နန်းတော်ရာအပျက်ဆီးများကို သူကိုယ်တိုင်တွေ့မြင်ခဲ့ရသည်ဟုဆို
သည် ၊သံဃာ(၇၀၀)ရာကျော်ခန့် နေထိုင်နိုင်သော ကျောင်းတော်ကြီး(၂)ဆောင်ကို မြင်တွေ့ခဲ့
ရသည်ဟုလည်းဆိုသည် ။ဘုရားရှင် ပရိနိဗာန်စံတော်မူမည့် နှစ် ပါဋလိမှ နောက်ဆုံးအကြိမ်အ
ဖြစ် ထွက်ကြွတော်မူခဲ့သည့်နေရာတော်ကို ခုထိတိုင် ဂေါတမဂေါတ္တ(Gatama ford)ဟုခေါ်
တွင်လျှက်ရှိသည် ။

ပါဋလိ(ယခုပတ္တနား)၌ကြည့်ရှုလေ့လာစရာ သာသနာ့ သမိုင်းအစနများ မရှိစလောက်ပင်။ရေ
ဘေး-မီးဘေးတို့ကြောင့် မြို့ပျက်မည်ဟု ဘုရားရှင် ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်း အစန
ပျောက် ပျက်သုဉ်ခဲ့ပုံရသည် ၊“အသောကာရာမ”ဟုအများသိထားကြသောကျောင်းတော်ရာ
ကြီးကို ယခုခါ ကုမ်ရာဟာရ်(kumrahar)ဟုခေါ်ကြသည် ၊ကျောင်းတော်ရာ အုဌ်ခုံတချို့ကိုတူး
ဖောတွေ့ရှိထားပြီးဖြစ်သည် ၊ကျောင်းတော်ရာကို တူးဖော်ခဲ့ရာမှ လက်ရှိရေကန်ကြီး ဖြစ်လာရ
ခြင်းဖြစ်သည် ။

ရေကန်ဘေးနားတွင် ကျိုးပဲ့နေသော အသောကကျောက်စာတိုင်ကိုတွေ့ရှိနိုင်သည် ၊ရေကန်ထဲ
တွင်လည်း ယင်းမှ ကျိုးပဲ့ကျန်နေခဲ့သော ကျောက်တိုင်ငုတ်တို့ကိုတွေ့နိုင်သည် ၊အထက်ပိုင်း
ကျိုးနေသော အုဌ်ခွက်ရုပ်ကြွများ သစ်သားပျဉ်ချပ်များစသည်တို့ကို ကျောင်းဝင်းရှိ ပြတိုက်
ငယ်တွင် ပြသထားသည် ၊ပတ္တနားမြို့တော်၏ ပြတိုက်မှာသာ သာသနာနှင့် ပတ်သက်သော
သမိုင်းအချို့ကိုပြသထားပေသည် ။

                                         ငြိမ်းချမ်းရေးရိပ်မြုံ(၁၈)--သို့---

ငြိမ်းချမ်းရေးရိပ်မြုံ (၁၆)

သင်္ကသဿနဂိုရ်
ဘုရားရှင်သည် (၇)ဝါမြောက် ဝါကို တာဝတီသာနတ်ပြည်၌ မယ်တော်မိ ကန္တုသီတနတ်သား
အား အဘိဓမ္မာ(၇)ကျမ်းကိုဟောတော်မူပြီး ၊ဝါဆို ဝါကပ်တော်မူခဲ့သည် ၊ဝါကျွတ်သောအခါ
နတ်တို့ဖန်ဆင့်အပ်သော ရွှေ ငွေ ပတ္တမြာ စောင်းတန်းကြီး(၃)သွယ်ဖြင့် နတ်ဗြဟ္မာ ပရိသတ်
များခြွရံလျှက်“သင်္ကဿနဂိုရ်ပြည်သို့သက်ဆင်းတော်မူခဲ့သည် ၊ဘုရားရှင် ကြွမြန်းတော်မူပြီး
သောအခါ စောင်းတန်း(၃)သွယ်မှာ မြေထဲသို့ နစ်ဝင်ကွယ်ပျောက်သွားပြီး လှေကား(၇)ထစ်
သာ မြေပေါ်၌ကျန်ရစ်ခဲ့သည် ။

ထိုလှေကားထစ်မျာအပေါ်တွင် သီရိဓမ္မာသောက မင်းကြီးက ဥာဏ်တော်(၁၆)ပေရှိရုပ်ပွါး
တော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ကြောင်း (တရုတ်ခရီးသည် )ဖာဟီယန်မှတ်တမ်း၌ဖော်
ပြသည် ၊သောသော် ၄င်းရုပ်ပွါးတော်ကို ယနေ့ထိတိုင်ရှာမတွေ့ရသေးပေ၊ အေဒီ-၅-ရာစု ၄င်း
ရောက်ခဲ့စဉ်က ဤနေရာတွင် ရဟန်-ရဟတ်းမိန်းမ-၁၀၀၀-ခန့်ထိတွေ့မြင်ခဲ့ရသည်ဟုလည်း
ဆိုသည် ၊ဤနေရာတော်မှာ ဘဒ္ဒကမ္ဘာ၌ပွင့်တော်မူသည့် ဘုရားရှင်တိုင်းနှင့် သက်ဆိုင်သော
ဘုရားရှင်တိုင်းမစွန့်သော အဝိဇဟိတ နေရာတော်မြတ်(၄)ခုတွင် တစ်ခုအပါအဝင်လည်းဖြစ်
သည် ။

ယခုအခါ ဆံကိဆာ(Sankisa)ခေါ် ဗဆန္တီပူရ်ရွာမှ အရှေ့ဘက်နားတွင်တည်ရှိသည် ဒေလီ-
ဗာရာဏသီ အဝေးပြေးကားလမ်းမမှနေ၍ အနည်းငယ် ဝင်ရောက်လျှင် ရောက်နိုင်သည်
ရှိကိုဟာဗာ-ဒ် နှင့် ဖရုကာဗာ-ဒ် ဆက်သွယ်ထားသည့် ရထားလမ်းပေါ်ရှိ -ပါခဏ-ဘူတာ
မှ -၅-မိုင်ခန့်ကွာဝေးသည် ၊ဥတ္တရာပရာဒေရ်ပြည်နယ်ဖြစ်သည် ၊နွားလာဥဿဘပုံ စီးမိုးပါ
ရှိသည့် အသောကမင်းကြီး၏ ကျောက်စာတိုင်တစ်တိုင်ကို ခုထိတွေ့မြင်နိုင်ပေသည် ၊
ကျောက်စာတိုင်မှ အရှေ့ဘက်တွင် ကြီးမားသော အဆောက်အုံဟောင်းတစ်ခု၏ အုဌ်ခုံရှိပြီး
အုဌ်လှေကားငယ်ဖြင့်တက်ရောက်နိုင်သည် ။

ဟိန္ဒူကျောင်းနှင့်တူသည့် ဘုရားကျောင်းဆောင်ငယ်တစ်ခုလည်းရှိသည် အထဲတွင်ဆင့်တု
တော်တစ်ဆူအား ဟိန္ဒူ နတ်ဘုရားနှင့်မခြား မသပ်မရပ်တသားတည်း ထားရှိသည် ၊အုဌ်နံရံ
ဟောင်း လိုင်မုခ် အဆောင်ငယ်များတွင်လည်း နတ်လာ ဘုရားလားကောင်းစွာ မခွဲခြားနိုင်
သည့် ရုပ်တုငယ်များနှင့် ကျိုးပဲ့ ကြေမွနေသော ရုပ်ထု အစနများကိုတွေရပေသည် ၊လက်ရှိ
တွင် ၄င်း သင်္ကဿ၌ သီရိလင်္ကာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း တည်ရှိလာပြီဖြစ်
သည် ။
                                             ငြိမ်းချမ်းရေးရိပ်မြုံ(၁၇)--သို့-----

ငြိမ်းချမ်းရေးရိပ်မြုံ (၁၅)

  ရဂုံသာလှ ကုသိနဂရ

ဘုရားရှင် ပရိနိဗာန် ပြုတော်မူရာ မလ္လာတိုင်း၏ မြို့တော် ကုသိနာရုံသည်

ယခုခါ အိန္ဒိယနိုင်ငံ

ဥတ္တရာ ပရာဒေရှ့် ပြည်နယ်

၊ဒေဝါရီယာခရီုင်တွင်းရှိ(ကုဆီနာ

ဂါရ်)ခေါ်သောရွာငယ်ပင်ဖြစ်သည်

ကာဆိယာမြို့နှင် -၅-ကီလိုမီတာခန့်ကွာဝေးသည် ၊၁၈၇၆ ခုနှစ်တွင် အိန္ဒိယကျောက်စာဌာနမှ


(ကင်နင်ဂဟမ်)၏လက်ထောက်(
Carlleyle)က ကုသိနာရုံ၌ တူးဖော်မှုများကို ပြုလုပ်ခဲ့ရာ ရှေး

ဟောင်း ပစ္စည်းများနှင့်အတူ “ပရိနိဗာန်ပြုတော်မူဟန် လျှောင်းတော်မူ မြေသားဆင့်တုတော်


ကြီး တစ်ဆူကိုတွေ့ရှိခဲ့သည် ။




ခြေဖဝါးတော်မှ ဦးသျှောင်တော်အထိ ပေ-၂၀-ပခုံးတော် ၅ပေ-၆လက်မရှိသည် ၊မြောက်သို့


ဦးခေါင်းပြုတော်မူပြီး ၊အနောက်ဘက်သို့ မျက်နှာမူနေပုံဖြစ်သည်

၊ပလ္လင်တော်မှာ-၂၃-ပေ-၉ လက်မခန့်ရှည်လျှားပြီး ၊၂ပေ-၁လက်မခန့်မြင့်သည်
၊ရုပ်ပွါးတော်မှာ တွေ့ရှိစဉ်က တစစီကျိုးပဲ့

နေသဖြင် ပြန်လည်ဆက်စပ် မွန်းမံထားသည် ၊ပလ္လင်တော်၌ရေးသားပါရှိသောစာအရ ရုပ်ပွါး


တော်၏ အလှူရှင်မှာ၊မဟာဝိဟာရကျောင်းနေ အရှင် ဟရိဗလဆွာမိရဟန်းတော်ဖြစ်ပြီး ၊ထု


လုပ်ခဲ့သူမှာ မထုရာပြည်သား ပညရှင် ဒိန္နဖြစ်သည်ဟုဆိုကြသည် ။




ဝိဥာဏ်ချုပ်ငြိမ်းတော်မူဟန် ရုပ်ပွါးတော်ကြီးအား ဖူးတွေ့ရလျှင် ပရိနိဗာန်

ပြုတော်မူခဲ့စဉ်က ဘု

ရားရှင်၏ ရုပ်သွင်တောအနေထားကိုမှန်းဆကြည်
ညို၍ရနိုင်ပေသည် ၊ညှိုးလျသော မျက်နှာ

တော် ၊ဖူးကြွနေသော ပါးတော်နှင့် ခြေတော်အစုံ ၊နွမ်းရိပျော့လျှောကျနေသော ကိုယ်တော်နေ


ဟန်တို့ကို ၊အနီးကပ်ဖူးတွေ့ရသောခါ တကာ တကာမ သူတော်ကောင်းများတို့ ရင်မှာ နှမြော


တသ ဝမ်းနည်းမိကြရလေသည် ၊ဤရုပ်ပွါးတော်မှာ အေဒီ-၅-ရာစုခန့်ကဖြစ်နိုင်ကြော
င်း ပညာ

ရှင်တို့က ခန်းမှန်းကြသည် ။




ဘုရားရှင် ပရိနိဗာန်ပြုတော်မူရာ၌တည်ရှိသော စေတီတော်ကို မဟာပရိနိဗာန စေတီဟူ၍ခေါ်


ကြသည် ၊ယခုထိတိုင် ဘုရားရှင်၏ ငြိမ်းချမ်းရေး ဓမ္မရိပ်ရောင်များ

လွှမ်းမိုးနေဆဲပင် ဖြစ်သည်

စေတီတော်၏ အနောက်ဘက်တွင် အုဌ်ခုံကြီးများရှိပြီး ၊တောင်ဘက်တွင် ရဟန္တာအရှင်မြတ်


များ၏ ဓာတ်တော်တို့ကို ဌာပနာသည့် စေတီငယ်များကိုတွေ့နိုင်သည် ၊စေတီတော်မှ အရှေ့


တောင်ဘက်သို့ ကားလမ်းမအတိုင်းလမ်းလျှောက်လျှ
င် ၊မလ္လာမင်းတို့၏ (ဘိသိက်ခံယူရာ)ရှိ

သည် ၊၄င်းနေရာတွင် “ဝိဥာဏ်ချုပ်ငြိမ်းလေပြီးသော” ဘုရားရှင်၏ ရုပ်ကလပ်တော်အား(၇)


ရက်ခန့် စံစေတော်မူပြီးမှ တေဇောဓာတ်လောင်ကျွမ်းစေခဲ့သည် ။


ကုသိနာရုံ ပန်းခြံမှထွက်ပြီး တောင်ဘက်သို့ လမ်းလျှောက်လျှင် ခေတ်သစ်လက်ရာ တန်


ဆောင်ငယ် တစ်ဆောင်ကိုတွေ့နိုင်သည် ၊ယင်းကို မြန်မာနိုင်ငံ ဟင်္သတမြို့ အရေးပိုင်မင်း


ဦးဘိုးကျူ နှင့် ဇနီးမိသားစုများက လှူဒါန်းခဲ့ကြခြင်းဖြစ်သည်

၊အဆောင်ထဲတွင် (ဘူမိဖဿ

မုဒြာ)ရုပ်ပွါးတော် တစ်ဆူ ကိန်းဝပ်တော်မူလျှက်ရှိသည်

၊ကုသိနာရုံတူးဖော်စဉ်က(၂)ပိုင်း
ကျိုး

လျှက် ရရှိသော ရုပ်ပွါးတော်မြတ်ဖြစ်သည် ၊ဘုရားရှင် ပါဝါပြည်မှ

ကုသိနာရုံသို့ ကြွလာစဉ်(၂၅

)ကြိမ်မြောက် နားနေတော်မူခဲ့ရား၊နောက်ဆုံး ရေကြည် ရေအေးဘုန်းပေးတော်မူခဲ့ရာနေရာ


တော်မြတ်လည်းဖြစ်သည် ။

                                        ငြိမ်းချမ်းရေးရိပ်မြုံ(၁၆)--သို့----

ငြိမ်းချမ်းရေးရိပ်မြုံ (၁၄)

  သာဝတ္ထိ

သာဝတ္ထိမြို့သည် ဘုရားရှင်လက်ထက်တော်က ကောသလတိုင်း၏ မြို့တော်ကြီးဖြစ်ခဲ့သည်


(ရာပတီ)ခေါ် အစိရဝတီမြစ်ကမ်းစပ်၌တည်ရှိသည် ၊သာဝတ္ထိ ဆိုသည်မှာ အရာရာတိုင်းကို


ရရှိခြင်းဖြစ်သည် ၊အမှန်တကယ်လည်း သာဝတ္ထိမြို့သည် ထိုခေတ်အခါက အချမ်းသာဆုံးနှင့်


နာမည်အကြီးဆုံးမြို့များထဲတွင် ထိပ်တန်းကပါဝင်ခဲ့သည် ၊သာဝတ္ထိတွင် “ဇေတဝန်ကျောင်း-


ပုဗ္မာရုံကျောင်း-ရာဇိကာရုံကျော

င်းဆိုပြီး
နာမည်ကြီးကျောင်းတိုက်ကြီး(၃)တိ
ုက်ရှိရာ လူအများ

က“ဇေတဝန်ကျောင်းကိုသာအသိမျာြး
ကသည် ။



၎င်းကျောင်းတွင်း ဘုရားရှင်ကိယ်တော်တိုင်လည်း ဝါတော်အများဆုံး သီတင်းသုံးတော်မူခဲ့


သည် ၊သာဝတ္ထိမြို့တော်ပျက်သုဉ်ခဲ့ပြီ
းသော နောက်တွင်လည်း ဇေတဝန်ကျေကာင်းတော်ကြီး

မှာ သာသနာအတွက် အရေးပါသော နေရာတဌာနတခုအဖြစ် တည်ရှိနေခဲ့သည် ၊(ဖာဟီယန်)


တရုတ်ခရီးသည်မှတ်တမ်းအရ အလှူပွဲတခုမှ မီးတောက်လောင်ခဲ့မှုကြောင့် ဘုံ(၇)ဆင့်ပါရှိ


သော ဂန္ဒကုဋီ ကျောင်းတော်ကြီးမှာ ပြကျခဲ့ရသည်ဟုဆိုသည် ၊ကျောင်းတော်အတွင်း ကိန်းဝပ်


နေသော နံ့သာ ဆင့်တုတော်ကြီးမှာမူ တစုံတရာ မီးးလောင်ကျွမ်းမှုမရှိဘဲ တခြားကျောင်း


ဆောင်ငယ်တခုအတွင်း အံသြဖွယ် တွေ့ရှိခဲ့ရသည်ဟုဆိုသည၊ယင်းနော
က် ကျောင်းတော်ကြီး

ကို မူလနေရာတွင် ပြန်လည်တည်ဆောက်ပြီး ဆင့်တုတော်မြတ်ကိုလည်း အသစ်ဆောက်


ကျောင်းဆောင်သို့ ရွှေ့ပြောင်းကိုးကွယ်ခဲ့ကြသည် ။


(ဟူယင်ဆင်)တရုတ်ခရီးသည် လာရောက်စဉ်ကမူ သာဝတ္ထိ နှင့် ဇေတဝန်ကျောင်းတော်တို့မှာ


ခြောက်ကပ်ပြီး ဆိတ်သုဉ်း နေလေပြီ ၊အုဌ်ခုံမျှသာ ကျန်တော့သည်ဟဟုဆိုသည် ၊ဟူယင်ဆင်


ရောက်လာပြီးနောက် မကြာခင်မှာပင် ဇေတဝန်ကျောင်းဝိုင်းအတွင်းရှိ ကျောင်းတော်များအား


လုံးကို ပြန်လည်တည်ဆောက်ခဲ့ပြီး အေဒီ (၁၂)ရာစုတိုင်အောင် ဆက်လက်ဖြွံ့ ဖြိုးနေခဲ့သည်


ဟုဆိုသည်၊ယင်းနောက်ပိုင်းတွင် လူသူကင်းမဲ့ပြီး တောခြုံများ ပိတ်ဖုံးကာ

အစနပျောက်ဖြစ်ခဲ့

ရလေတော့သည် ။




၁၈၆၃ ခုနှစ်တွင်ဇေတဝန်(Saheth)နှင့် သာဝတ္ထိ(Maheth)တို့ကို ကင်နင်ဂဟမ်က တူးဖော်ခဲ့


ရာ ခိုင်မာစေသော ကျောက်စာများတွေ့ရှိခဲ့ရသည် ၊ဆက်ပြီး ၁၈၇၆

ခုနှစ်တွင်အနည်းငယ် တိုးချဲ့ကာ တူးဖော်ခဲ့ကြပြန်သည် ၊နောက်ဆုံးအကြိမ်ကို
၁၉၈၀ တွင် ဂျပန်ရှေးဟောင်းပညာ

ရှင်များက ပြုလုပ်ခဲ့ကြသည် ၊ ဘုရားရှင် သီတင်းသုံးသည့် ကျောင်းဆောင်(၄)ဆောင်တွေ့


ရှိခဲ့ကြသည် ၊ဤဇေတဝန်ကျောင်းတော်ကို ဘုရှင် ပရိနိဗ္မာန်ပြုတော်မြူီးနောက် “အသောက”


မင်းကြီးက ပြုပြင်ခဲ့ပြီး ၊နောက်ဆုံး ၁၁၃၀ တွင် “ကနောဇ်ဘုရင်”၏ မိဖုရား“ကုမာရဒေဝီက”


ပြုပြင်ခဲ့သည် ။




ယခုမြင်တွေ့နေရသော အုဌ်မြစ်များမှာ အေဒီ ၅-နှင့်-၁၂ ရာစုများက လက်ရာများသာဖြစ်သည်


ဂန္ဒကုဋီကျောင်းဆောင်အတွင်း၌ ဘုရား၇ှင် ကျိန်းစက်တော်မူတော်မူသည့် ညောင်စောင်တော်


မှာ အလျှား-၂၇-တောင် အနံ-၁၇-တောင်ရှိသည် ၊ဤနေရာသည် ဘဘုရားရှင်တိုင်း မစွန့်


လွှတ်သော (အဝိဇဟိတ)ဌာလည်းဖြစ်သည် ၊ဇေတဝန်ကျောင်းဝိုင်းအတွင်းသို့ ဝင်လမ်း၏


လက်ျာဘက်အကွေ့တွင် အာနန္ဒာ ဗောဓိပင်ရှိသည် ၊ဤဗောဓပင်နှင့် ပတ်သက်၍ ဇာတ်တော်


များ ဖွင့်ဆိုချက်အရဆိုလျှင် ဘုရား၇ှင်အား ဖူးမျှော်ရန် အနယ်နယ် အရပ်ရပ်မှလာကြသော


တကာ တကာမများသည် ။




အကြောင်းမညီညွတ်လို့ ဖူးမျှော်ခွင့် မရကြသည့်အခါ  လူအများပူဇောနိုင်မည့်

ပူဇော်ခွင့်ရမည့်

နည်လမ်းတခုခု ပေးတော်မူရန် ကျောင်းတကာ အနာထပိဏ်ကလျှောက်ထာရာ ဗောဓိပင်စိုက်


ပျိုး၍ ပူဇော်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့သည် ၊သို့ဖြင့် ဂယာမှ

မဟာဗောဓိပင် မျိုးစေ့ကို ရှင်အာ

နန္ဒာကိုယ်တော်တိုင် လာရောက်ယူပြီး ၊စိုက်ပျိုးခဲ့သည် ထို့ကြောင့် အာနန္ဒာ

ဗောဓိပင် ဟုခေါ်

ကြခြင်းဖြစ်သည် ၊ဇေတဝန်ကျောင်းတော်၏ အရှေ့ ဘက်ကားလမ်းဘေးတွင်“ဒေဝဒတ်”အား


မြေမျိုခဲ့သောရေကန်ရှိသည် ၊ယခု(ဝန္ဒာဆာဂရ်)ဟုခေါ်သည်၊ဇေတဝန်
ကျောင်း၏ထိပ် အပြင်

ဘက်တွင် (စိဉ္စမာန)အားမြေမျိုခဲ့သောနေရာ
ရှိသည် ။




ငြိမ်းချမ်းရေးရိပ်မြုံ--(၁၅)--
သို့---အရှင် ရေဝတ(M.A)

ငြိမ်းချမ်းရေးရိပ်မြုံ (၁၃)

    ယဉ်ကျေးမှုပြတိုက်

(ဆာရနာသ်)မိဂဒါဝုန်ရှိ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်မှာ ကြီးကျယ် ခမ်းနားသော သာသနာ့


အနုလက်ရာများစုဝေးရာနေရာတခုဖြစ်

သည် ၊ပြတိုင်အတွင်းသို့ဝင်လိုက်သည်နှင့် အသောက

ကျောက်တိုင် ခေါင်းပိုင်းကို ပထမဆုံးတွေ့မြင်နိုင်သည် ၊တရားဦး ဓမ္မစကြာ

ဟောတော်မူရာ နေရာတော်၏ အထိမ်း အမှတ်အဖြစ် စိုက်ထူခဲ့ခြင်းဖြစ်သည်
၊ပြတိုက်ထဲရှိ ဤကျောက်တိုင်

ပိုင်းသည် ၂.၃၁ မီတာခန့်မြင့်ပြီး အစိတ်ပိုင်း(၃)ခုပါဝင်သည် ၊ခြင်္သေ့ ၄စီး

၊ဓမ္မစကြာပုံ အုဌ်ခုံနှင့်

အမြိတ် အစွန်း(ကြာမှောက်)တို့ပါဝင်သည် ။




ဗုံတိုင်ဝိုင်း၏ ဒေါင်လိုက်ပတ်ပတ်လည်တွင် လက်ျာရစ်အတိုင်း(နွားလားဥသဘရုပ်
+အာဇာ

နည်နြင်းရုပ်+ခြင်္သေ့ရုပ်+နဂါးရု
ပ်)တို့ပါရှိပြီး ၊ယင်းတို့၏အကြားတွင်
ဓမ္မစကြာပုံပါရှိသည်၊

စက်ဝိုင်း၏ အလည်ဗဟိုရ်တွင် မူလ ကြေးပြားအဖုံးငယ် တစ်ခုစီပါရှိသည် ၊ဤဗုံတို အထက်


တွင် အရပ်(၄)မျက်နှာသို့ အသီးသီးဦးတည်ပြီး မာန်ဟုနသွင်း၍ဟောက်နေဟန် ခြင်္သေ့(၄)စီး


တို့သည် ဓမ္မစကြာပုံများပေါ်တွင် ၄င်းတို့ကိုယ်ထည်များကိုတင်ထာြး
ပီး
ကြောချင်းကပ်လျှက်

ရပ်နေကြသည်။




ဤခြင်္သေ့ရုပ်များမှာ ဘုရားရှင်သည် သစ္စာ(၄)ပါးကို ယုံကြည်မှုအပြည့်နှင့်

ဟောမြွက်တော်မူ

ခြင်း(သီဟနာဒ)ခြင်္သေ့ မင်းဟောက်သံကို ကိုယ်စားပြုနေသည် ၊အခြားနွားလားရုပ်စသည်တို့


အတွက်လည်း အမျိုးမျိုးဖွင့်ဆိုကြသည် ၊ဤကျောက်တိုငိ၏ လက်ဝဲဘက်တွင် ဘုရားလောင်း


သိဒ္ဒတ္ထမင်းသား၏ ရုပ်ပုံရှိသည် ၊ယင်းကို-အေဒီ ၁၂၃-ကုသျှနခေတ်တွင် (တိပိဋကတရ)ဗလ


မထောရ်နှင့် သူ၏တပည့်တို့မှ လှူဒါန်းခဲ့ခြင်းဖြစ်သည် ၊အဓိက ခန်းမကြီး၏ လက်ျာဘက်နံရံ


တွင် လူသိများ ကျော်ကြားသော (ဓမ္မစက္ကမုဒြာ)ရုပ်ပွါးတော်ရှိ
သည် ။



သပ်ပယ်လှသည့် ဤရုပ်ပွါးတော်အား ၁၉၀၄-၅ ခုနှစ်ကတူးဖော်စဉ် ဓမ္မရာဇိက စေတီတော်၏


တောင်ဘက်နားလောက်တွင် တွေရှိခဲ့ရခြင်းဖြစ်သည် ၊၄င်းဓမ္မရာဇိစေတီအတွင်း လိုင်မုခ်များ


တွင် (မူလက)ထားရှိခဲ့သည့် ရုပ်ပွါးတော်အထဲမှ တစ်ဆူဖြစ်ပုံရသည် ၊၅-ရာစုခေတ်နှောင်း


လက်ရာဟုခန့်မှန်းကြသည် ၊ဓမ္မစက်ဝိုင်းကိုလှည့်တော်မူဟန်
နှင့် ဘုရားရှင် တရားဦးဟော

တော်မူခြင်းတို့ကို ကိုယ်စားပြုသည် ၊ဓမ္မစက်ဝိုင်းမှ လှည်းဘီးပုံကို

သမင်နှစ်ကောင်က တဘက်

တချက်စီဝိုင်းရံနေကြပြီး

၊အုဌ်ခုံပေါ်တွင်(ပဉ္စဝဂ်ဂီ)-၅-ဦ
းတို့ကနေရာယူထားကြသည် ၊သမင်မှာ

မိဂဒါဝုန်၏ နောက်ခံ သင်္ကေတဖြစ်သည် ။

      တနည်းအားဖြင့် သားသမင်တို့မည်သည် နူးညံ့ သိမ်မွေ့ပြီး နိုးကြားတက်ကြွကာ အန္တ

ရာယ်ကိုရင်ဆိုင်ရာ၌ လျင်မြန်သကဲသို့ မိမိတို့သည်လည်း ကိလေသာရန်အန္တရာယ်ကိုကာ


ကွယ်ရာတွင် ထိုသို့လျင်မြန်ရမည်ဟု ရည်ညွန်းထားခြင်းဖြစ်သည် ၊ပြတိုက်၏ လက်ျာဘက်


ခြမ်းတွင်ဘုရားရှင်ဖြစ်တော်စဉ်
များကို  စုပေါင်းသရုပ်ဖော်ထားသည့်
ရုပ်လုံး ရုပ်ကြွများရှိသည်၊

ညာဘက်နံရံထိပ်တွင် ကျောင်းတကာမ(ကုမာရဒေဝီ)ကျောက်စာ
ကိုတွေ့မြင်နိုင်သည် ၊တခြား

ဟိန္ဒူဘာသာဆိုင်ရာ အထောက်ထားမျာနှင့် ယဉ်ကျေးမှု ဓလေ့များကိုလည်း ဤပြတိုက်ထဲ


တွင်တွေ့မြင်နိုင်သည် ။



ငြိမ်းချမ်းရေးရိပ်မြုံ(၁၄)--သိ
ု့---အရှင်ရေဝတ(M.A)

ငြိမ်းချမ်းရေးရိပ်မြုံ (၁၂)

မိဂဒါဝုန်

မိဂဒါဝုန်ဆိုလျှင် လူအများသိကြမည်သာ ဖြစ်၏ ၊နာမည် အပြည့်စုံ ခေါ်ရလျှင်”က္ကသိပတနမိဂ


ဒါဝန”ဖြစ်သည် ၊က္ကသိ+ပတ+မိဂ+ဒါ+ဝန ဆိုပြီး ပုဒ်(၅)ပုဒ်ကိုပေါင်းစပ်ထားတာ ဖြစ်သည်


“က္ကသိ”က ရသေ့ “ပတ”က သက်ဆင်းရာနေရာ နှစ်ခုပေါင်းတော့ ရသေ့များသက်ဆင်းရာနေ


ရာဖြစ်သည် ၊သာသနာပ ကာလတုန်းက ဟိမဝန္တာ တွင်နေကြသော ရသေ့ သူတော်ကောင်း


များ ဗာရာဏသီမြို့သို့ ဆန်ဆီဆားအလှူခံရန် ကောင်းကင်မှ ဈာန်နှင့် ပျံသန်းလာရာ ဤနေ


ရာမှ ဆင်းပြီး မြို့ထဲ သို့ဝင်ကြသည့်အတွက် ရသေ့များ သက် ဆင်းရာဟူ၍ခေါ်ဝိုကြခြင်းဖြစ်


သည် ။


“မိဂ”သား သမင်“ဒါ” အလှူပေးရာ “ဝန” တော သုံးပုဒ်လုံးကိုပေါင်းလိုက်တော့ “သားသမင်


များ၏ အသက်ကို မသတ်ဖြတ်ပဲအလှူပေးရာဘေးမဲ ပေးရာတောဖြစ်၏ ၊“က္ကသိပတနမိဂဒါဝန


”ဟူ၍အကုန်ပေါင်းလိုက်တဲ့အခါ “ရသေ့ သူတော်ကောင်းများဆင်းသက်ရာ-သား

သမင်းများ၏

အသက်ကို ဘေဲးမဲ့ ပေးရာတောဖြစ်၏ ၊ယခုခါ (ဆာရနာသ်)ဟုလည်းခေါ်ကြ၏ ၊အတူတူပင်


ဖြစ်၏ ၊ဘုရားရှင်သည် “ဓမ္မစက္ကသုတ်နှင့် အနတ္တလက္ခဏသုတ်တို့ကို ဤနေရာ၌ဟောတော်


မူခဲ့သည် ၊ ပဉ္စဝဂ်ဂီ (၅)ဦးတို့ ရဟန္တာ ဖြစ်ခဲ့ကြသည်

၊ယသသူဌေးသားနှင့်အပေါင်းပါ(၅၄)
ဦး

တို့လည်း၎င်း ဝါတွင်းမှာပင် ရဟန္တာ ဖြစ်ခဲ့ကြသည် ။




ဝါကျွတ်သောအခါ ရဟန္တာ အပါး(၆၀)ဖြစ်ထွန်းလာပြီး “စရထဘိက္ခဝေစာရိကံ”ချစ်သားတို့
ခရီး

ထွက်ကြ တရားဓမ္မဟောပြောကြ  သာသနာပြုကြဟု ဘုရားရှင်စေလွှတ်တော်မူခဲ့သည် ၊ကိုယ်


တော်တိုင်းလည်း ဥရုဝေလမှနေ၍ ရာဇဂြိုလ်ဘက်သို့ ကြွတော်မူခဲ့သည်၊ဘုရားရှင်သည် မိဂဒါ


ဝုန်တွင် ပထမဝါ၌သာ ဝါဆို ဝါကပ်တော်မူခဲ့သည် ၊ထပ်ပြီး ဝါဆိုတော်မမူခဲ့ပါ ၊သောသော်(၃)


ကြိမ်တိုင်း ပြန်လည်ကြွရောက်ခဲ့သည် ၊မိဂဒါဝုန်တွင် ဓမ္မစက္ကသုတ်+အနတ္တလကခ`ဏသုတ်


တို့နှင့် အခြားသုတ်တန်အများပြားတို့ကို
လည်းဟောတော်မူခဲ့သည် ။



အေဒီ ၅+၇ ရာစုများတွင် ရဟန်းသံဃာတော်များ စည်စည်ကားကားရှိကြသေးသည်ဟုလည်း


တရုန်မှတ်တမ်းများကဖော်ပြကြသည် ၊အေဒီ ၁၁၃၆ တွင် ကုမာရဒေဝီက ကျောင်းလှူဒါန်းခဲ့


သည်၊ ဤကိုထောက်လျှင် မိဂဒါဝုန်သည် အေဒီ ၁၁၃၆ ထိ စည်ပင်နေတုန်းဖြစ်မည်မှာသေ


ချာသည် ၊-၁၁၉၄ တွင် (မာမွတ်ဂိုရီ)၏စစ်တပ်ဖြင့်

ကျူးကျော်တိုက်ခိုက်မှုကြောင့် ကျောင်းကန်

ဘုရားများ ပြိုပျက်ခဲ့ရသည် ရဟန်းတော်အများစုမှာ အသတ်ခံကြရပြီး တချို့မှာ တိဗက်သို့


ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည် ၊ထိုအချိန်မှ

သည်နှစ်ပေါင်း(၈၀၀)နီးပါးခန့်ြ
ကာအောင် မိဂဒါ

ဝုန်သည် တောခြုံများအောက်တွင် ရွက်ဖုံးသီး အဖြစ်ဖြင့် မေ့ပျောက်ခံနေခဲ့ရသည် ။




၁၈၁၅ တွင် ကာနယ်မက်ကင်ဇီက ၄င်း ၊၁၈၃၄ တွင် ဆာအလက်ဇန္ဒားကင်နင်ဂဟမ်က၄င်း


မိဂဒါဝုန်ကို စနစ်တကျတူးဖော်ခဲ့ကြသည်

၊ရရှိသောရုပ်ပွါးတော်-၅၀-ခန့်ကိ
ုလည်း ဖျောက်ဖျက်

ခဲ့ကြသည် ၊၁၈၅၁တွင် မေဂျာတီတိုး က ဆက်လက်တူးဖော်ပြီး ၊သီဟိုရ်မှ အနာဂါရိက

ဓမ္မပါလက မိဂဒါဝုန်ကို ကမ္ဘာကသိအောင်နှင့် ရဟန်းတော်များ
အမြဲတမ်းသီတင်းသုံးနိုင်

အောင် ကြံဆောင်ခဲ့သည် ။




မိဂဒါဝုန် အတွင်း ပေ ၁၀၀ ကျော်ခန့် မြင့်သော ဓမ္မရာဇိက စေတီတော်အား ၁၇၉၄ တွင် စော်


ဘွား ဂျဂတ်ဆင်း ကဖြိုဖျက်ပြီး အုဌ် ကျောက်စသည်များကို ဗာရာဏသီ ဈေးတည်ဆောက်


ရာတွင် အသုံးပြုခဲ့သည် ၊ရုပ်ပွါးတော်တဆူနှင့် ဓာတ်တော်ပါသော ကျောက်သေတ္တာ တစ်လုံး


ရရှိခဲ့သည် ၊သေတ္တာကြီးမှာ ကာလကတ္တား ပြတိုက်တွင်ရှိသည်၊ရုပ်တုတော်မှ
ာ(ဓမ္မစက္ကပဝတ္တန

မုဒြာ)ဖြစ်ပြီး ရေးထိုးပါရှိသော စာတမ်းမှာ ဘင်္ဂါလီ ဘုရင်တစ်ပါးက စေတီကို

ပြင်ဆင်ခဲ့ပြီး မီးတိုင်များ ခေါင်းလောင်းများ လှူဒါန်းခဲ့ကြောင့်
ဖြစ်သည် ။
                              ငြိမ်းချမ်းရေးရိပ်မြုံ(၁၃)---သို့----

ငြိမ်းချမ်းရေးရိပ်မြုံ (၁၁)

ငြိမ်းချမ်းရေးရိပ်မြုံ
                                                       (၁၁)
                                                   အကျဉ်းထောင်

ကားလမ်းမကြီးမှနေ၍ တောင်ဘက်သို့ (၁)ကီလိုမီတာခန့် လမ်းလျှောက်သွားလျှင် လမ်း၏


လက်ဝဲဘက်တွင် ထောင်နေရာကိုတွေ့နိုင်သည် ၄င်းနေရာ၌ ဘုရင် ဗိမ္မိသာရအား သူ၏သား


တော် အဇာတသတ်က အကျဉ်းချထားခဲ့သည် ၊ဤနေရာမှ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်


လျှင် ဂိဇ္ဈကုဋ်တောင်ထိပ်ကို မြင်ရသည် ၊ထိုစဉ်က ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်တွင်သီ


တင်းသုံးလျှက်ရှိသည် ၊ရဟန်းသံဃာတော်များ၏ အတက်အဆင်းတို့ကိုလည်း တွေ့မြင်နိုင်


သည် ၊ယင်းကြောင်း မင်းကြီးသည် ဘုရားရှင်နှင့် ရဟန်းသံဃာတော်များကို ထောင်ထဲမှနေ၍


ရှု့မျှော်ကာ ကြည့်ညိုခွင့်ရခဲ့သည် ။


ဂိဇ္ဈကုဋ်တောင်သို့ သွားသည့်  လမ်း၏ဝဲဘက်တွင်    ဇီဝက    သရက်ဥယာဉ်(ဇီဝကအဗ္မဝန)


ကျောင်းတော်ရာရှိသည် ၊ ယင်း ဆေးဆရာသမားတော်ကြီး ဇီဝကကျောင်းတော်၌ပင် ဘုရား


ရှင်သည် “သာမညဖလ”သုတ်တော်ကိုဟောတော်မူခဲ

့သည် ၊(၁၉၂၄)ခုနှစ်ကဤနေရာကိုတူး

ဖော်ခဲ့ရာ ရှည်လျှားသော ခန်းမကြီး (၃)ခု ပါဝင်သော အုဌ်ခုံများကိုသာ

တွေ့ရှိကြရသည်ဟုဆို

သည် ၊ရှည်လျှားလွန်းသော အချိန်ရထား၏ တိုက်စားမှုများအလည် ရုပ်ဆိုးအကျဉ်းတန်နေရ


သော ရုပ်ကြွင်းများလည်းဖြစ်၏ ။


ဂိဇ္ဈကုဋ်တောင်ထိပ်သို့ ကြိုးတပ်ကုလားထိုင်(Chair lift)ဖြင့်တက်ရ၏

၊တောင်ထိပ်ပေါ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး စေတီတော်တဆူရှိသည် ၊(ဝိသျှဝသျှန
္တီ )စတူပါဟုခေါ်သည် ဤစေတီအား

နာမည်ကျော် ဂျပန် ဗုဒ္စဘာသာ ရဟန်းတော်(VEN NICHIFUJI)အရှင် နီချီဖူဂျီက

-၁၉၆၉-ခုနှစ်တွင်  သာသနာနှစ် (၂၅၀၀)ပြည့် အထီးမှတ်အဖြစ် တည်ထားခဲ့ခြင်း
ဖြစ်သည် ၊တောင်

ထိပ်မှ ရှု့ မျှော်ကာ အောက် မြင်ကွင်းကျယ်များကို အားပါးတရ

ကြည့်ရှု့နိုင်သည် ၊ကြည်နူးနှစ်

သက်ဖွယ်အလွန်ကောင်းသည် ။


တောင်ထိပ်ပေါ်တွင် တည်ရှိသည့် ကျောက်တုံးကြီးများ ငေါ့ထွက်နေသည်မှာ အဝေးမှကြည့်


လျှင် တကယ့် လင်းတငှက်ကြီးများ နားနေသည့်အလား ထင်မှားရ၏ ယင်းကြောင်းလည်း


(ဂိဇ္ဈ+ကူဋ)လင်းတတောင်ဟု ခေါ်တွင်ခ်ဲ့ခြင်းဖြစ်သည် ၊ ဘုရားရှင်သည် ဤတောင်ထိပ်ရှိ


“သုကရခတဂူ”တွင် သီတင်းသုံးလျှက် “ဒီဃနခသုတ် သုကရခတသုတ်တို့ကိုဟောတော်မူခဲ့


သည် ၊တောင်ထိပ်တွင် တခြားကျောက်ဂူငယ် များစွာတို့လည်းရှိကြသည် ၊ယခင်က ကျောင်း


တော်ရာနှင့် ကပ်လျက်ရှိသည့် ဂူမှာ“ရှင် အာနန္ဒာ ”ဂူဖြစ်သည် ၊တောင်တက်လမ်း ကိုက်(၅၀)


ခန့် အမြင့်တွင် စေတီတဆူရှိပြီး ၊မြောက်ဘက်သို့ အနည်းငယ်ကွေ့လျှင်

အခြားတဆူရှိကြောင်း

(ဟူယင်ဆင်) ဖော်ပြခဲ့သည် ။


ယခု မရှိတော့ပေ ယင်းစေတီငယ်များမှာ ဘုရင် ဗိဗ္မိသာရမင်းကြီး ဘုရားရှင်ထံတော်သို့ လာ


လေ့ရှိသည့်  မူလလမ်းပေါ်တွင် တည်ရှိခဲ့ခြင်းဖြစ်သည် ၊ပထမ စေတီမှာ မင်းကြီး ရထားပေါ်မှ


ဆင်း၍ ခြေလျှင် စတင်လျှောက်ရာဖြစ်ပြီး ၊ဒုတိယစေတီမှာ သရဖူတော် ဦးသျှောင်ကို ချွတ်၍


ဘုရားရှင်ထံတော်သို့ ဝင်ရာဖြစ်သည်ဟုဆိုကြသည် ၊တချို့က ဒေဝဒတ်က ဘုရားရှင်အား


ကျောက်တုံးဖြင့် လိမ့်ချသတ်သောနေရာတွင် စေတီတည်ထားခဲ့ခြင်း ဖြစ်သည်ဟုဆိုကြသည် ၊


အဋ္ဌကထာများနှင့် မြန်မာတို့ အလိုအရ အဇာတသတ်မင်းကြီး ဓာတ်တော်များ သိုဝှက်မြုပ်နှံခဲ့


ရာဖြစ်သည်ဟုဆိုကြသည် ။


ဘုရားရှင်၏ ဓာတ်တော်တိုက်နှင့်မဟာသာဝကြီးမျ
ား၏ ဓာတ်စေတီတ်ာအများပြားတို့ကိုလည်

ဤအနီးတွင် တည်ထားခဲ့သည်ဟုဆိုကြသည်၊ရာဇဂြို
လ်မြို့၏ တောင်ဘက်အထွက် ကားလမ်း

မကြီး၏ လက်ဝဲဘက် ၊ယခု က္ကသိဂိလိ တောင်ခြေနားတွင် ဘုရားရှင် လက်ထက်တော်က

ကျောက်ဖျာကြီးတခု ရှိခဲ့သည် ၊၄င်းကျောက်ဖျာ၌ ဘုရားရှင်ကိုယ်တော်တိုင်
တခါတလေ သီတင်းသုံးတော် မူခဲ့သည် ၊အ၇ှင် ဝက္ကလိ မိမိကိုယ်ကို
အဆုံးစီရင်တော်မူရန် ကြိုးစားခဲ့သော

နေရာ ။အရှင် မဟာမေဂ်ဂလန်အား ဒဋ္ဌိများက အဆုံးစီရင် လုပ်ကြံ သတ်ဖြတ်ခဲ့ကြသောနေရာ


လည်းဖြစ်သည် ။



ငြိမ်းချမ်းရေးရိပ်မြုံ---(၁၂)-
-သို့-----အရှင် ရေဝတ(M.A)

ငြိမ်းချမ်းရေးရိပ်မြုံ (၁၀)

  ငြိမ်းချမ်းရေးရိပ်မြုံ
                        (၁၀)
                   ကဿပလိုင်ဂူ နှင့် ဝေဠုဝန်ကျောင်းတော် ။
ဝေဠုဝန်ကျောင်းတော်ရာမှ အရှေ့ ဘက် တပေါဒါရုံမြစ် ရေပူစမ်းမှနေ၍ ဝေဘာရတောင်တက်
လှေကား၏ လက်ယာဘက်နားတွင် ကပ်လျှက်တည်ရှိသည် ဒေသခံ ဟိန္ဒီများက မချန်း(သို့)
ဇရသန္တကီဘိုင်ထပ်ဟုခေါ်ကြသည် ၊ဗုဒ္စဘာသာစာပေများနှင့် တရုတ်ခရီးသွားမှတ်တမ်းများက
ပိပÜလိဟုခေါ်ကြသည် ၊ဘုရားရှင်လက်ထက်တော်က ပိပ်ပလိဂုဟာကျောင်းပင်
ဖြစ်ခဲ့သည် အရှင်မဟာ ကဿပ၏ လူအမည်ပိပÜလိကိုစွဲ၍
(ပိပÜလိ)လိုင်ဂူ+ကဿပလိုင်ဂူ ဟူ၍လည်းခေါ်
ကြသည် ၊ ရှင်မဟာကဿပ နာမကျန်းဖြစ်စဉ် ဘုရားရှင်ကိုယ်တော်တိုင် ကြွလာပြီး ဗောဇ္ဈင်
သုတ် တရားတော်ကိုဟောတော်မူခဲ့သောနေရာ

လည်းဖြစ်သည် ။
ဝေဘာရတောင်ထိပ် အရောက်တက်ပြီး ယင်းမှမြောက်ဘက်သို့ အနည်းငယ် ကွေ့၍ဆင်းလျှင်
တောင်၏ အနောက်ဘက် နံရံတွင် သဘာဝလိုင်ဂူများအစီရီတည်းရှိသည်
၊ယင်းတို့မှာ“ပထမ
သင်္ဂါယနာ”တင်ခဲ့သောနေရာတော်ဖြစ်
သည် ၊သဂါင်္ယနာတင်ခြင်းဟူသည် ဘုရားရှင် ဟော
တော်မူခဲ့သမျှတရားတော်များ ၊တပည့် သား မဟာသာဝကကြီးများ၏ ဟောဆိုရှင်းလင်းချက်
များအားလုံးကို စနစ်တကျဖြစ်အောင် ၊အပိုအလိုမရှိအောင်
၊အမှားယွင်းမရှိအောင် စီးစစ် စီစဉ်
ပြီး ၊ဘုရားရှင် ဟောတောမူရင်း အတိုင်းသာပြန်ထားင်္ကြမည်ဟု ရဟန္တာကြီး(၅၀၀)လုံးသဘော
တူညီချက်ယူ အတည်ပြုကြခြင်းဖြစ်စ်သည်။
နောက်တစ်ခုမှာ ဝေဘာရတောင်၏ တောင်ဘက်တွင်တည်ရှိသည် ၊ဆွန်ဘဏ္ဍာလိုင်ဂူဟုခေါ်
ကြသည် ၊ဗိမ္မိသာရ မင်းကြီး၏ ရွှေတိုက်ဖြစ်သည် ၊ကျောက်တောင်ကြီးကိုထွင်းပြီး
ဂူအဖြစ်ဖန်
တီးထားခြင်းဖြစ်သည် ၊၄င်းဂူပေါ်တွင် အေဒီ-၃-၄-ရာစုသုံ အက္ခရာများဖြင့်
စာနှစ်ကြောင်းရေး
ထိုးထားသည် ၊ဆိုလိုရင်းမှာ ဤဂူကိုပြုလုပ်ခြင်းသည် ရသေ့ ရဟန်းများအတွက် သင့်တော်
လျှောက်ပတ်စွာ သီတင်းသုံးနိုင်ရန်ဖြစ်သည် ။
ဘုရင် ဗမ္မိသာရမင်းကြီးသည် ဘုရာလောင်းတော့ထွက်လာစဉ်ကတည်းက အကယ်၍သင်
သည် ဘုရားစင်စစ်ဖြစ်ခဲ့ပါလျှင် အကျွနှုပ် ပထမဦးဆုံးကျောင်းလှူပါမည်ဟု ကတိကဝတ်စ
ကားပေးခဲ့ဖူးသည့်အတိုင်း ၊ ဘုရားဖြစ်၍ ရာဇဂြိုလ်မြို့သို့ ကြွလာသောအခါ ဘုရင်ကြီးသည်
ကျောင်းဆောက်ရန်နေရာရွေးချယ်ေ
လသည် ၊ဘုရားရှင် နှင့် တပည့်သားရဟန်းသံဃာများ
အတွက် အသင့်တော်ဆုံးနေရာကို ဤသို့ရွေးချယ်ခဲ့သည် ။
၁။လူနေမြို့ ရွာနှင့် မနီး မဝေးလွန်းသည့်နေရာ၊၂။သွားရလာရလွ
ယ်ကူမယ့်နေရာ၊၃။လူသံတိတ်
ဆိတ်ပြီး ငြိမ်သက် ငြိမ်းချမ်းသောနေရာ၊၄။လူတို့နှ
င့် မရောချက်ဘဲ သက်တောင်းသက်သာနေ
နိုင်သောနေရာ၊ ဤအဂါင်္(၄)ချက်နှင့် ပြည့်စုံတဲ့နေရာကိုရွေးချယ်ပြီး
ဝေဠုဝန်ကျောင်းတော်ကို
လှူဒါန်းခဲ့သည်၊ဝေဠုဝန်ကျောင်းေ
တ်ာရာမှာ ယင်းတုန်းက “ကလန္ဒကနိဝါပ-မောရနိဝါပ-သုမာ
ဂဓ”ဟူသော နေရာ(၃)မျိုးလုံးပါဝင်သောနေရာ
လည်းဖြစ်သည် ၊“ကလန္ဒကနိဝါပ”ရှဉ့်နက်တို့ကို
အစာကျွေး မွေးမြူသည့်နေရာ၊“ မောရနိဝါပ” ဦးဒေါင်းငှက်တို့ကို
အစာကျွေးသည့်နေရာဖြစ်ပြီး
“သုမာဂဓ”မှာလှပသော ရေကန်ကြီးတစ်ခုဖြစ်ကြသည် ၊ယခုအခါ ကရဏ္ဍကခေါ်သည့်ရေကန်
ကြီးတစ်ခုသာ အထင်ကရကျန်ရစ်တော့သည် ။
ဘုရားရှင်သည် ဤဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးပြီး
၊“အဘယရာဇကုမာရသုတ္တ-ရထဝိနီတသုတ္တ-
မဟာဝိစ္ဆဂေါတ္တသုတ္တ အပြင်
တခြားသုတ္တန်(၁၂)ခုတို့ကိုလည်းေ
ဟာတော်
မူခဲ့သည် ၊ဘုရားရှင်ကိုယ်တော်တိုင် ဤကျောင်းတော်၌
ခေမာမိဖုရားကိုကယ်ချွတ်တော်မြူ
ပီး၊
ဝိသခါင်္သူဌေးအား လူ့ဘဝက သူ၏ဇနီးဖြစ်ခဲ့သူ “ဓမ္မဒိန္နာထေရ်ရီက”စူဠဝေဒလ္လသုတ်
ကို၎င်း၊
“အရှင်အစိရဝတက”ဇယျသေနမင်းသားအား ဒန္တဘူမိသုတ်ကို၎င်းဟောတော်မူခဲ့
သည့်နေရာ
တော်လည်းဖြစ်သည်။
တိဗက်မှတ်တမ်းများအရ (ယောဂါစာရ ဝိဥာဏဝါဒ)ကိုတီထွင်သူ အသင်္ဂ သည်ဤကျောင်း
တော်ဝင်းထဲ၌ ကျောင်းဆောက်ပြီး နှစ်များစွာ နေထိုင်ခဲ့သည်ဟုဆိုသည် ၊(တရုတ်ခရီးသည်
ဖာဟီယန်)ရောက်ခဲ့စဉ်က ပရိဝုဏ်ထဲတွင် ကျောင်းတိုက် တစ်တိုက်တွေ့ခဲ့ရပြီး ကျောင်းနေသံ
ဃာတော်အချို့ကိုလည်းတွေ့ခဲ့ရြေ
ကာင်းဆိုသည် ၊ကျောင်းတော်ရာ၏ အရှေ့တောင်ထောင့်
တွင် မြေတောင်ပို့တခုရှိသည် ၊ယင်းကို-၁၉၀၅/၆ ကတူးဖော်ခဲ့ရာ ရှေ့ဟောင်း
ပစ္စည်းတချို့ရရှိ
ခဲ့သည် ၊ယခုတွင် အဆိုပါ မြေတောင်ပို့ကို မူဆလင် သချိင်္ုင်းအဖြစ်
သိမ်းပိုက်ထားကြသည် ၊မူ
ဆလင်များကပိုင်စိုးထားကြသည် ။

ငြိမ်းချမ်းရေးရိပ်မြုံ(၁၁)--သိ
ု့----အရှင် ရေဝတ    (M.A)

Wednesday, 1 August 2012

ငြိမ်းချမ်းရေးရိပ်မြုံ (၉)



                           ခေတ်သစ် နာလန္ဒာ နှင့် ရာဇဂြိုလ်မြို့သစ်
ပျသုဉ်ခဲ့ပြီးသော နာလန္ဒာကျောင်းတော်ရာကို အိန္ဒိယရှေးဟောင်းဌာန၏တူဖော်ချက်အရ တွေ့
သော တံဆိပ်တုံးများ ၊ကျောက်ပြားများ ၊အိုးများ ၊ရုပ်ကြွင်းများ ၊အုဌ်ခွက်မျာ ၊ဒဂါင်္းများ ၊ကဗ္မည်း
စာများ ၊စသည့် ရှေ့လက်ရာများကို နာလန္ဒာပြတိုက်နှင့် ဒေလီ ကာလကတ္တားစသော ပြတိုက်
ကြီးများတွင်၊ပြသထားရှိသည် ။“သိရိမဟာဝိဟာရိယအရိယဘိက္ခုသံဃဿ”ဟုရေးထွင်းပါရှိ
သည့် နာလန္ဒာ တက္ကသိုလ်သုံး တံဆိပ်တုံးနှင့်အတူ ကျောင်းအလှူရှင်များဖြစ်ကြသည့်“ဒုတယ
ကုမာရဂုပ်ပတ စသည့် မင်းသုံးတံဆိပ်တော်များကိုလည်းတွေ့ရှိရသည် ၊ရုပထုတော်များ၏ဓမ္မ
သကြာအဝိုင်းနှင့် ရောင်လျှံတို့၌ ရေးထိုးထားသော စာများတွင်လည်း“ယေဓမ္မာဟေတုပဘာဝါ
ဂါထာတော်ကို အများဆုံးတွေ့ရသည် ။
ယခုလက်ရှိ နာလန္ဒာ တက္ကသိုလ်ကို ၁၉၅၁ ခုနှစ်တွင် ဘိက္ခူဇဂဒိသကဿပ ကတည်ထောင်
ခဲ့သည်၊ ၄င်းသည် နာမည်ကြီး စာရေးဆရာများဖြစ်ကြသော -ရာဟုလာ-သံကိစ္စည်း-သိရိကော
သလ္လဥာဏတို့နှင့် အတော်ရင်းနှီးသူလည်းဖြစ်သည်၊အိန္ဒိယတွင် ဗုဒ္စစာပေဆိုင်ရာ စာအုပ်စာ
တန်းဟူ၍ မရှိသလောက် ရှားပါးသော ထိုအချိန်က ဗုဒ္စစာပေ ပြန်လည်ထွန်းကားရန် သာသန
နာတော် ထွန်းတောက်လာရန် ရည်သန်ပြီး ပါဠိနှင့် သုတေသနဘွဲ့လွန် ဗုဒ္စတက္ကသိုလ်တခုအ
ဖြစ်ထူထောင်ခဲ့ခြင်းဖြစ်သည် ၊အိန္ဒိယတွင် ဟိန္ဒီတက္ကသိုလ် ၊မူဆလင်တက္ကသိုလ်နှင့် ထောင်
သောင်းချီသော ခရစ်ယန်ကောလိပ်ကျောင်းများ များစွာရှိသော်လည်း ၊ဗုဒ္စဘာသာတက္ကသိုလ်
မှာ ယနေ့ထိတိုင် တစ်ခုတည်းသော နာလန္ဒာတက္ကသိုလ်သာဖြစ်သည် ၊ ရှေ့ခေတ် နာလန္ဒာ
တက္ကသိုလ်မှာ မဟာယာန ဌာနချုပ်ဖြစ်ခဲ့သော်လည်း ၊ခေတ်သစ် လက်ရှိ နာခန္ဒာတက္ကသိုလ်
မှာ ထေရဝါဒ ဗုဒ္စ စာပေများကိုသာ ဦးစားပေး သင်ကြားပို့ချသော့ ထေရဝါဒ စစ်စစ်တက္ကသိုလ်
ဖြစ်သည် ။
တရုတ်ဗုဒ္စဘာသာခရီးသည် (ဟူယင်ဆင်)သည်  ဝေဠုဝန်ကျောင်းတော်မှ အရှေ့ဖက်တွင်
စေတီတစ်ဆူရှိကြောင်း မှတ်တမ်းတင်ခဲ့သည် ၊ယင်းမှာ အဇာတသတ်စေတီပင် ဖြစ်မည်ဟု
ပညာရှင်များကယူဆကြသည် ၊(မန်ဂျူသိရီမူလကလာပ)၏အလိုအရ ဤစေတီသည် ထိုစဉ်
ဝေဠုဝန်ပရိဝုဏ်ထဲမှာပင်ဖြစ်မည် ၊ထို့ကြောင်း ၄င်းစေတီသည် လက်ရှိဝေဠုဝန်နှင့် အနီကပ်
တွင်ရှိရမည် ၊ယခုလက်ရှိအဝေးပြေးကားလမ်းမ၏ မြောက်ဘက်ကုန်းမို့မို့ကလေးသည် ဟိုတုန်းက အဇာတသတ်စေတီပင်ဖြစ်နိုင်ကြောင်း ယတိပြတ်ကောက်ချက်ချခဲ့သည် ၊ယင်း
ကုန်းပေါ်တွင် ယခုကျောက်တိုင်များသာကျန်ရှိတော့သည် ။
အဇာတသတ်ဘုရင်၏ မြို့သစ်ခံတပ်မှာ လက်ရှိ ရာဇဂြိုလ်မြို့သစ်မှနေ၍ တောင်ဘက်တွင်
တည်ရှိသည် ၊အလျှား(၅)ကီလိုမီတာခန့် ရှည်လျှားသော တံတိုင်းမြို့ရိုးဖြင့် ကာရံထားသည်
ဖာဟိယန်ရောက်လာစဉ်က တံတိုင်းအတွင်းဘက်တွင် ဘုန်းတော်ကြီးကျောင်းများတွေ့ခဲ့ရ
သည် ၊မြို့တော်မှာ မှေးမှီဆုတ်ယုတ်လာနေသည်ကိုလည်းတွေ့မြင်ခဲ့ရသည်ဟုမှတ်တမ်းတင်
ခဲ့သည် ၊(ဟူယင်ဆင်)ရောက်လာချိန်တွင် အပျက်ဆီးများဖြင့်ခြောက်ကပ်နေသည်ကိုသာတွေ့
မြင်ခဲ့ရသည်ဟုဆိုသည် ၊ကားလမ်းမမှာ ရာဇဂြိုလ်မြို့ကိုဖြတ်၍ ဖောက်လုပ်ထားပြီး အနောက်
ဘက်တွင် ရှေ့ဟောင်း မြို့တံခါးပေါက်ကိုတွေ့မြင်နိုင်သည်။
ရာဇဂြိုလ် မြို့ကိုရှေ့အခါက -ဝသုမတီမြို့-ဂိရိဝဇမြို့-ကုသဂြမြို့-ရာဇဂဟမြို့စသည်ဖြင့်ခေါ်ဝိုခဲ့
ကြသည် ၊ယခုတွင် (ရာဂျဂီရ်)(RAJGIR)ဟုခေါ်သည် ၊ဤမြို့ကို တောင်(၅)လုံးတို့ကလည်းကာ
ရံထားသည် ၊၄င်းတောင်(၅)လုံးမှာ ဝေပုလ္လတောင် -ဂိဇ္ဈကုဋ်တောင်-က္ကသိဂိလိတောင်-ဝေဘာ
ရတောင်-ပဏ္ဍဝတောင်တို့ဖြစ်သည် ၊တောင်များဖြင့် ကာရံထား၍လည်း မြို့မှာပိုပြီး သပ်ယပ်လှ
သည် ၊မြို့၏ အစွန်တွင် တပေါဒါရုံမြစ်ရှိသည် ၊ယနေ့ထိတိုင် ရေများစီးဆင်းလျှက်ရှိသည်၊
ဘုရားရှင်လက်ထက်တော်အခါကတည်းကရှိနှင်းနေပြီးသောမြစ်လည်ဖြစ်သည် ၊ထိုမြစ်မှရေတို့
မှာ အမြဲပူနွေးနွေးဖြစ်သည် ။
ဒေသအသီးသီးတို့မှလာရောက်နေသော လူမျိုးစုံ ဘာသာစုံတို့ကိုလည်းအမြဲတွေ့မြင်နိုင်သည်
ရေချိုးသောအခါ “ဇာတ် အနိမ့် အမြင့် ခွဲ၍ နေရာယူချိုးကြရသည် ၊ရောဂါမျိုးစုံ ပျောက်သည်
ဟု ဟိန္ဒူများက ယူဆကြသည် ၊ထို့ကြောင့် အမြဲလိုလို လူစည်ကားသည်၊ဘုရားရှင်လက်ထက်
က ဤမြစ်ကမ်းစပ်တွင် တပေါဒါရုံကျောင်းရှိခဲ့သည် ၊ယခုချိန်မှာ လူအများရေချိုးရာနေရာတခု
သာဖြစန်ေတော့သည်။ -ငြိမ်းချမ်းရေးရိပ်မြုံ(၁၀)---သို့----အရှင် ရေဝတ (M.A)

ငြိမ်းချမ်းရေးရိပ်မြံ (၈)


                         နာလန္ဒာ

ဒီကနေ့ နိုင်ငံအသီးသီးမှ ဘုရားဖူးအဖွဲ့အသီးသီးတို့

နာလန္ဒာဆိုလျှင်အကုန်သိကြမည်သာ ယနေ့ထိတိုင် ဗုဒ္စတက္ကကိုလ်အဖြစ်ထင်ရှားနေသော
ငြိမ်းချမ်းရေးအတိတ်ပန်းချီကား

တစ်ချပ်

လည်းဖြစ်၏ ၊နာလန္ဒာဆိုသည်မှာ အမည်ဝေါဟာရပညာ(wisdom)နှင့်အတူ
တူပင်ဖြစ်သည် ၊

ဗုဒ္စနှင့် မဟာဝီရတို့ ဤပတ်ဝန်းကျင်တွင်

ခေတ်ပြိုင်သီတင်းသုံးနေထိုင်ခဲ့
ကြသည်၊ အရှင်သာရိ

ပုတြာ၏ ဇာတိရွာ -ယခု(သရိတျာ)မှာ နာလန္ဒာကျောင်းတော်ရာနှင့် ကပ်လျက်ဖြစ်သည် ၊


ကျောင်းတော်ရာရှိစေတီတော် အမှတ်(၃)မှာအရှင်သာရိပုတြာ၏ဓာတ်
တော်တိုက်ပင်ဖြစ်သည်

အရှင်နာဂအဇ္ဈူန-အသင်္ဂ-အရိယဒေသ ကဲ့သို့သောပညာရှင်များပေါ်ထွက်ခဲ
့ပြီး အာရှတိုက်နေ

ရာအနှံ့သို့ ပညာရှင် သာသနာပြုများစေလွှတ်ကာ ဖြန့်ချီခဲ့ရာ ဌာနကြီးတခုဖြစ်၍လည်း ယင်း၏


အမည်မှာ ပညာနှင့်ထပ်တူဖြစ်ခဲ့ပေသည် ။


နာလ -နာလကဂါမနှင့် နာလန္ဒာတို့သည် တခုတည်းသောနေရာ၏အမည်ကွဲများသြာ
ဖစ်ကြ

သည် ၊တရုတ်ရဟန်းတော်(ဟူယင်ဆင်)မှတ်
တမ်းအရ အေဒီ ၄၂၅ တွင်ပထမ ကုမာရဂုပ်ပတ

(သက္ကရ်-အာဒိတျ)မင်းက သူဗုဒ္စဘာသာသို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ်

သာရိပုတြာစေတီတော် အရှေ့တောင်ထောင့်တွင် သံဃာရာမ ဘုန်းတော်ကြီးကျောင်း
တစ်

ဆောင်ဆောက်လုပ်လှူဒါန်းခဲ့သည် ၊၄င်းကျောင်းတိုက်ကြီးတွင် ဟူယင်ဆင်နှင့်

အိချန် တို့နေ

ထိုင်ပြီး ပညာသင်ယူခဲ့ကြသည် ၊အေဒီ -၇-ရာစုခန့်တွင် နာလန္ဒာသည် နိုင်ငံတကာဗုဒ္စတက္က


သိုလ်ကြီးတစ်ခုအဆင့်သို့ရောက်ရှ
ိနေခဲ့သည် ။

ဂုပ်ပတမင်းများ၊ ဗာရ်မင်မင်းများ- ပါလမင်းများအထိပင် နာလန္ဒာကိုခေတ်ဆက်ဆက်မင်းစိုးရာ


ဇာများက ချီးမြင့် အားပေးခဲ့ကြသည် ၊အရည်သွေးပြည့်ဝပြီး ထူးခြားတောက်ပြောင်သောပညာ


ရှင်ကြီးများ၏ ဦးဆောင်မှုအောက်တွင် နာလန္ဒာသည် အထွဋ်ထိပ်ရောက် ဖွံဖြိုးတိုးတက်ခဲ့


သည် ၊ဘာသာရေးစကားစစ်ထိုးပွဲများ အကြိမ်ကြိမ်နွှဲခဲ့ရာတွင်လည်း ဟိန္ဒီမဟာပဏ္ဍိတ်ကြီးများ


အပေါ် နာလန္ဒာကချည်း အနိုင်ရခဲ့ပေသည် ။


၎င်းကျောင်းတော်ကြီးတည်ဆောက်ထား
ပုံမှာ အရှေ့ဖက်တွင် တက္ကသိုလ်ကျောင်းဆောင်တန်း

များရှိပြီး ၊လူသွားလမ်း၏ အနောက်ဖက်ခြမ်းတွင် စေတီနှင့် ဇရပ်များတည်ရှိသည် တောင်မှ


မြောက်သို့ ကျောင်းတော်ရာအမှတ်(၁-၄-၅-၆-၇-
၈-၉-၁၀)တို့ စီတန်း၍တည်ရှိသည်၊အနောက်

ဘက်အတန်းတွင် စေတီတော်အမှတ်(၃-၁၂-၁၃-၁၄)တို့
တည်ရှိကြပြီး ၊တစ်ခုနှင့် တစ်ခုကြား

မြေကွက်လပ်အနည်းငယ်ခြား၍တည်ရြှိ
ကသည် ၊တောင်ဘက်အဆုံ၌ ကျောင်းတော်ရာအမှတ်

(ဘီ-၁-နှင့်-ဘီ-၂)တို့ရှိကြသည် ၊လှေကားများကို အလင်းရ်ေရစေရနန် နံရံများကိုဖောက်ထား


သည် ၊အဆောင်တိုင်း၌ အလယ်တွင် ရေတွင်းငယ်တစ်ခုစီပါရှိသည် ။


ဤနာလန္ဒာ တက္ကသိုလ်ကြီးမှ ပေါ်ထွက်ခဲ့သော ပညာရှင်များမှာ“နာဂအဇ္ဈူန=အသင်္ဂ=


ဝသုဗန္ဒု=ဒိန္နာဂ=ဓမ္မပါလ=သီလဘဒြ=
ဓမ္မကိတ္တိ=သန္တရက္ခိတ=ပဒသမ္ဘဝစသောပညာရှင်များ
  တို့ဖြစ်ကြသည်ထိုပညာရှင်များထဲ
မှ-အဇ္ဈူန-အသင်္ဂ-ဝသုဗန္ဒုတို့သည်
ယောဂါစာရဝိညာဏဝါဒ      ကိုတည်ထောင်ခဲ့ကြသည် ၊ဒိန္နာဂ
သည်လည်းအထူးထင်ရှားသော အိန္ဒိယ လောဂျစ်ပညာရှင် တစ်ဦးဖြစ်ခဲ့သည်
၊တရုတ်နှင့် မွန်ဂိုလီးယားတို့၌ ဗုဒ္စဘာသာကိုလည် နာလန္ဒာ ပညာရှင်များက

အစပျိုးပေးခဲ့ကြသည်။


တိဗက်ဘုရင် ပင်ဖိတ်ချက်အရ သန္တရက္ခိတနှင့် ပဒမသမ္ဘဝတို့သည် အေးဒီ-၇၄၉-တွင် တိဗက်


သို့ကြွပြီး ၊လားမားသာသနာကိုတည်ထောင်ပေးခြဲ့
ကသည် ၊ဒီပင်္ကရသိရိဥာဏ(အတိဆာ)မှာ

တိဗက်သာသနာကို ဆက်လက်ပြု့စုခဲ့သူအဖြစ် အထူးလေ့စားခံခဲ့ရသည်

၊ဟူယင်ဆင်နှင့် အိချိန် တို့ကဲသို့ နိုင်ငံရပ်ခြားမှကျောင်းသားများ
၊ဒေသခံကျောင်းသားများ ထောင်း သောင်း

ချီး၍ မွေးထုတ်ပေးခဲ့ကြသည် ၊ဤသည်တို့မှာ နာလန္ဒာ တက္ကသိုလ်မှ ပညာရှင်များတို့၏ လုပ်


ဆောင်ချက်တို့ဖြစ်သည် ။ထိုမျှကြီးကျယ် ခန့်ငြားသော နာလန္ဒာ တက္ကသိုလ်ကြီးသည် မလို


လားသူ မိစ္ဆာတို့၏ လက်ထဲတွင် ပျက်ဆီးခဲ့ရပေသည်။


နာလန္ဒာပျက်ဆီးခံလိုက်ရခြင်းသည် ၊တက္ကသိုလ်တခုတည်းမဟုတ်ဘဲ ၊သာသနာတော်ကြီး


အပြီးသတ် ချုပ်ငြိမ်းသွားခြင်းပင်ဖြစ်သည် ၊အေဒီ-၁၂၀၅(သို့)-၁၂၀၆

တွင်မူဆလင် စစ်ဘုရင်

ဘက္ခတိယားခိလိဂျီး သည်

မြင်းစီးစစ်သား-၂၀၀-ခန့်ဖြင့်
ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်၊

သံဃာတော် တစ်သောင်းကျော် အသတ်ခံခဲ့ရပြီး အဆောက်ဦးများတို့ကိုလည်း(၆)လတိ
ုင်တိုင်

မီးလောင်မြစ်နေခဲ့ကြောင်း တိဗက်မှတ်တမ်းများအရသိရသည် ၊မီးသင်းထားသော ဆန်စေ့များ


နှင့် အုဌ်အကျိုးအပဲ့စသည့် ရှေးဟောင်း အကြွင်းအကျန်များကို နာလန္ဒာ

ရှေးဟောင်းပြတိုက်

ထဲတွင် ခုထိတိုင် တွေ့မြင်နိုင်ပေသည် ။---ငြိမ်းချမ်းရေးရိပ်မြုံ--(
၉)-သို့---